Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အစိုးရ တပ်ဖွဲ့ က IS တပ်ဖွဲ့ဝင် ၂၇ ဦး အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၆၆ ဦး အား ပစ်ခတ်ရှင်းလင်း

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၉ ရက်နေ့၌ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့က ပြီးခဲ့သည့် ၂၄ နာရီ ကာလအတွင်း နိုင်ငံတဝန်း ရှိ လက်နက်ကိုင် အဖွဲ့အစည်း များကို ပစ်မှတ်ထား ရှင်းလင်းခဲ့ရာ IS အစွန်းရောက် တပ်ဖွဲ့ဝင် ၂၇ ဦး အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ တပ်ဖွဲ့ဝင်ပေါင်း ၆၆ ဦး ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် အစိုးရ တပ်ဖွဲ့ အနေဖြင့် ယခု အကြိမ် ရှင်းလင်းမှု စစ်ဆင်ရေး တွင် Nangarhar ၊ Logar ၊ Paktia စသော ပြည်နယ်ပေါင်း ၁၀ ခု တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ မြေပြင်တပ်ဖွဲ့ နှင့် ပူးပေါင်း၍ လေကြောင်းတပ်ဖွဲ့ က ဗုံးကျဲ တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် ယခု စစ်ဆင်ရေး၌ လက်နက်ကိုင် တပ်ဖွဲ့ဝင် ပေါင်း ၆၆ ဦး ရှင်းလင်း နိုင်ခဲ့သည့် အပြင် လက်နက်ကိုင် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ တပ်စခန်းများကို ဖျက်စီး နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆီး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

လေ့လာသုံးသပ်သူများ က ဆောင်းရာသီ တွင် လက်နက်ကိုင် တပ်ဖွဲ့များက တပ်သားစုဆောင်းရေး နှင့် တပ်ဖွဲ့ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသော ကာလ ဖြစ်သောကြောင့် အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ ၏ ဆောင်းရာသီ အတွင်း အကြီးစား စစ်ဆင်ရေးများ ဆောင်ရွက်ခြင်း သည် လက်နက်ကိုင် တပ်ဖွဲ့များ ကို အခွင့်အရေး မပေးလိုသောကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.