Connect with us

Environment, Disasters & Accidents

မာန်အောင်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ် စက်ချို့ယွင်းမှုဖြစ်ပွား

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ်တစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မာန်အောင်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ၇က်နေ့ နံနက် ၁၀း၃၅နာရီ အချိန် မြန်မာအမျိုးသား လေကြောင်း လိုင်းမှ လေယာဉ်မှူး တင်မိုးအောင် မောင်းနှင်ပြီး လေယာဉ်ဝန်ထမ်း ၂ ဦးနှင့် ခရီးသည် ၁၀ ဦး (ကျား ၅၊ မ ၅)တို့ လိုက်ပါလာသည့် Caravan လေယာဉ်ငယ်သည် ရန်ကုန်မြို့မှ မာန်အောင် မြို့နယ် စမုံတဲကျေးရွာအနီးရှိ မာန်အောင်လေဆိပ်သို့ဆင်းသက်စဉ် Brake System (ဘရိတ်စနစ်) ချို့ယွင်းခဲ့သော်လည်း ချောမွေ့စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်ရှိသည့် ခရီးစဉ်များကို ဆက်လက်ပျံသန်း ပြေးဆွဲခြင်း မပြုတော့ဘဲ ခေတ္တရပ်နားခဲ့ကြောင်းနှင့် ၎င်းလေယာဉ်အား မာန်အောင်လေဆိပ် ပြေးလမ်းတွင် စမ်းသပ်မောင်းနှင်ခဲ့ပြီး ၁၁း၃၅ နာရီတွင် လေယာဉ်မှူး နှင့် ဝန်ထမ်း ၃ ဦးတို့သည် ခရီးသည်မပါရှိဘဲ ရန်ကုန် လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.