ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ပြည်သူများအတွက် ဝန်ဆောင်မှု ပေးနိုင်သော ရဲလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်လျှင် ပိုမို ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်၊ တရားဥပဒေ စိုးမိုးရေး စနစ်တစ်ခု ထူထောင်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဟယ်လ်စင်ကီ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Nokia ကုမ္ပဏီက ဖင်လန် နိုင်ငံတွင် ဝန်ထမ်း အရေအတွက် ၁,၀၀၀ လျှော့ချသွားမည် ဖြစ်ကြောင်း မေလ ၂၀ ရက်က ကြေညာခဲ့သည်။
ရီယို ဒီဂျနေးရိုး ၊ မေ ၂၁ ရက် (ဆင်ဟွာ) ရီယို ဒီဂျနေးရိုးမြို့တွင် ရောင်းချနေသည့် Rio 2016 အိုလံပစ် လက်မှတ်များ၏ သုံးပုံ နှစ်ပုံ ကျော်အား ရောင်းချ ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွဲစီစဉ်သူများက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော် အနီးတွင် မေလ ၂၀ ရက် နေ့လည်က တရားမဝင် သေနတ် ကိုင်ဆောင် ထားသည့် အမျိုးသား တစ်ဦးအား လုံခြုံရေး တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တားဆီး ပြီးနောက် ဝင်ခွင့် ပိတ်ထားသည့် အိမ်ဖြူတော်အား...
ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)သို့ဆိုင်ကလုန်း မုန်တိုင်းသည် မုန်တိုင်း စက်ကွင်းအဖြစ် ဝင်ရောက်နေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ယနေ့မေလ ၂၁ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး အတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းပါးရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်...
Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm;...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာ စကေး ၄.၆ အဆင့်ရှိ ငလျင်ငယ် တစ်ခု ယနေ့ နံနက်ပိုင်း၌ လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်သည်။
ကိုင်ရို၊ မေ ၂၀ ရက် (ဆင်ဟွာ) ပျောက်ဆုံးနေသည့် အီဂျစ်လေယာဉ်၏ အစိတ်အပိုင်းများအား အီဂျစ်နိုင်ငံ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သော အလက်ဇန်းဒရီးယား (Alexandria) မြောက်ဘက် ကီလိုမီတာ ၂၉၀ အကွာ၌ တွေ့ရှိခဲ့ကြောင်း အီဂျစ် စစ်တပ်က မေလ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားလိုက်သည်။
ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန် စတော့အိတ်ချိန်း (YSX) ၌ ယနေ့ စတင် ရောင်းချသော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများ ဝယ်လိုအား မြင့်တက်လျက် ရှိကြောင်း ယနေ့ ဖွင့်ပွဲ...