Connect with us

Europe

ချက်နိုင်ငံတွင် ဟိုတယ် မီးလောင်မှုကြောင့် လူ ၄ဦးသေဆုံး

မီးလောင်မှုဖြစ်ပွားနေသည့် ယူရိုစတားဒေးဗစ်ဟိုတယ် သို့ မီးသတ်ကားများ ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ပရာ့ဂ်၊ ဇန်နဝါရီ ၂၂ရက် (ဆင်ဟွာ)

ချက်နိုင်ငံ ပရာ့ဂ်မြို့ ရှိ အထွေထွေသင်ကြားရေးဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ Michal Schneider က Naplacni လမ်း ရှိ ယူရိုစတားဒေးဗစ်ဟိုတယ် တွင် ဇန်နဝါရီ ၂၀ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၂ရက်တွင်ပြောကြားခဲ့သည်။

ချက်နိုင်ငံ၏ မီးလောင်မှုသမိုင်းတွင် အဆိုးရွားဆုံးများအနက် တစ်ခုဖြစ်ခဲ့သည့် ယင်းမီးလောင်မှု၏ ဇစ်မြစ်အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးဘဲ ပရာ့ဂ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Jan Danek က မှုခင်းရေးရာကျွမ်းကျင်သူများ၊ မှုခင်းဋ္ဌာနမှ စုံထောက်များ နှင့် ကျွမ်းကျင်သူများ သည် ယင်းမီးလောင်မှုအား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

သေဆုံးသွားသူ ၄ဦးတွင် အသက် ၂၁နှစ်အရွယ် ဂျာမန်အမျိုးသားတစ်ဦး နှင့် အသက် ၂၀နှစ်အရွယ် ကိုရီးယားအမျိုးသမီးတစ်ဦး ပါဝင်ပြီး ၎င်းတို့ ၂ဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြကာ ကျန်၂ဦးသည် ဆေးရုံသို့ ရောက်ရှိစဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

Danek က ဆေးရုံ၌သေဆုံးခဲ့သည့် အမျိုးသမီး ၂ဦး၏ ကိုယ်ရေးရာဇဝင်ကိုမူ သိရှိခြင်းမရှိသေးကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၃ဦးမှာ ချက်နိုင်ငံသားများဖြစ်ပြီး တူရကီနိုင်ငံသား ၁ဦး နှင့် ပြင်သစ်နိုင်ငံသား ၁ဦးပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် မီးသတ်သမား ၂ဦးအပါအဝင် ဒဏ်ရာအနည်းငယ်သာ ရရှိသူများကို ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဟိုတယ်တွင် ဧည့်သည်ပေါင်း ၁၀၀ကျော် တည်းခိုနိုင်ပြီး မီးလောင်မှုဖြစ်ပွားချိန်၌ မီးသတ်သမားများသည် လူ၃၄ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.