ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား အစုစပ် ဖက်စပ် ဆောင်ရွက်နိုင်ရေး နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီအဖြစ် ဗီယက်နမ်နိုင်ငံ မှ Viettel ကုမ္ပဏီအား ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
နေပြည်တော်၊ မတ် ၂၅ ရက် (ဆင်ဟွာ) အစိုးရသစ်တက်လျှင် လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စများကို ဝန်ကြီးဌာနအလိုက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ထားရန် နိုင်ငံတော် သမ္မတ မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုဝန်ကြီးအသစ် ၁၄ဦးနှင့် ယနေ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)...
နေပြည်တော် ၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် တရုတ် နိုင်ငံ မှ မြန်မာနိုင်ငံ သို့ တရုတ် ယွမ်ငွေ ၃၆ သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်း အနားအား...
ရန်ကုန်၊မတ်၂၅ ရက် (ဆင်ဟွာ) ကိုရီးယားနိုင်ငံရှိ မြန်မာကုန်သွယ်မှုဗဟိုဌာနပြခန်းအတွက် မြန်မာ့ထုတ်ကုန်ပစ္စည်းများအားပေးပို့နိုင်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု ဗဟိုဌာန မှသိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ယနေ့မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် UEFA ချန်ပယံလိဂ် ဆုဖလားသည် ငွေသားအမျိုးအစား 925 နှင့် ထုလုပ်ထားခြင်း ဖြစ်ပြီး၊ ၇၁ စင်တီမီတာ ရှည်ကာ ၇.၅ ကီလိုဂရမ် အလေးချိန်ရှိကြောင်း သိရသည်။
နယူးဒေလီ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ နိုင်ငံတွင် မတ်လ ၂၂ ရက်က ပေါက်ကွဲမှု ဖြစ်ပြီးနောက် ယင်းနိုင်ငံ၌ ရောက်ရှိသော အိန္ဒိယ နိုင်ငံသား ၂၀၀ ကျော်သည် အိန္ဒိယနိုင်ငံမြို့တော်သို့ မတ်လ ၂၅ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ်၂၅ ရက် (ဆင်ဟွာ) အာဆင်နယ် အသင်းနှင့် UEFA ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg (ဖရက်ဒရစ်လင်းဘတ်) အား ကမ္ဘာ့ပထမဆုံး ပရိသတ် အခြေပြု ဖလားလှည့်လည်သည့်ခရီးစဉ်၌ Ljungberg သည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ပရိသတ်နှင့်အတူ ပါဝင်ဆင်နွှဲကာ မတ်လ ၂၆ ရက်နေ့ရွှေထွဋ်တင်ကွင်းတွင်...
နယူးဒေလီ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ ) မတ်လ ၂၄ ရက်တွင် ကျရောက် အိန္ဒိယနိုင်ငံ ဟိုလီ ပွဲတော်အတွင်း အပျော်လွန်ကြရာမှ သေဆုံးသူ ၃၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း AIR ရေဒီယို အသံလွှင့်ဌာနက ကြေညာသွားသည်။
ကုလသမဂ္ဂ၊ မတ် ၂၄ ရက် (ဆင်ဟွာ) လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့နှင့် အမေရိကန် နိုင်ငံရှိ ဝါရှင်တန် ဒီစီမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်က မတ်လ ၂၄...
ကွာလာလမ်ပူ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ ) မလေးရှားရဲ အရာရှိတစ်ဦးအပါအဝင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်များဟု သံသယရှိသူ ၁၅ ဦးကို မတ်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း မလေးရှားနိုင်ငံ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။