Connect with us

Africa & Middle East

အာဖဂန် တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ၊ ရဲ ၂၂ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဆေးရေးဂိတ် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် မေဝမ်ခရိုင်ရှိ စစ်ဆေးရေး ဂိတ်များအား တာလီဘန်များက တစ်ညတာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၂၂ ဦးထက်မနည်း သေဆုံးပြီး စစ်သွေးကြွ ၄၅ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“တာလီဘန် စစ်သွေးကြွတွေက ပြည်နယ် အနောက်ပိုင်းက ကန်ဒါဟာမြို့တော် မေဝမ်ခရိုင်အတွင်းက Jagrum ၊ Qala-e-Shahmir ၊ Khak-e-Chopan နှင့် အနီးဝန်းကျင်က နယ်မြေထဲမှာရှိတဲ့ လုံခြုံရေးဂိတ် ၁၅ ခုကို နိုဝင်ဘာလ ၁၃ ရက်ညပိုင်းကနေ နိုဝင်ဘာလ ၁၄ ရက် အစောပိုင်းအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တာလီဘန် စစ်သွေးကြွတွေက ကြေညာခဲ့တယ်၊ အပျက်အစီးတွေလဲ များပြားခဲ့တယ်” ပြောခွင့်ရပုဂ္ဂိုလ် ဇီယာ ဒူရမ်နီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တစ်ညတာလုံးနှင့် အရုဏ်တက်အထိ တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်သွေးကြွ ၃၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဒူရမ်နီက ဖြည့်စွက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာလီဘန်များက ဆိုသည်။

၂၀၀၁ ခုနှစ်နှောင်းပိုင်း မတိုင်မီ အာဖဂန်နိုင်ငံအတွင်းမှ နှင်ထုတ်ထားခဲ့သည့် တာလီဘန် စစ်သွေးကြွများသည် လက်နက်ကိုင် သောင်းကျန်းမှုများ ပြန်လည် လုပ်ဆောင်လာခဲ့သလို အစိုးရ တပ်ဖွဲ့များနှင့် အရပ်သားများအား သတ်ဖြတ်ခဲ့သည်။

လွန်ခဲ့သောလများအတွင်း ယခင် တာလီဘန်များ အခိုင်အမာ တပ်စွဲထားသော ကန်ဒါဟာပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး အခြေအနေ ကောင်းမွန်လာခဲ့သော်လည်း ယင်း ပြည်နယ်အတွင်း အစိုးရ ရုံးနေရာများအား အချိန်နှင့်အမျှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက်တွင် ထို ခရိုင်းအတွင်းရှိ စစ်တပ်စခန်း တစ်ခုအား တာလီဘန်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန် စစ်သား ၄၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ အခြားသူ ၆ ဦး ပျောက်ဆုံးသွားခဲ့ကြောင်း၊ စစ်သွေးကြွ ၁၀ ဦးလည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.