Connect with us

Politics, Law & Military

”ဝ” အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)တွင် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် သွားရောက်လေ့လာ

ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အဖွဲ့ ''ဝ'' အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)သို့ သွားရောက်တွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

”ဝ” အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)တွင် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ သွားရောက်လေ့လာကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန် အတွက် နိုဝင်ဘာ ၁၁ရက်နေ့တွင် ”ဝ” အထူးဒေသ(၂)သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ပန်ဆန်းမြို့ ”ဝ” အထူးဒေသ(၂) အစည်းအဝေးခန်းမ၌ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျန် ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မိုင်းလားအထူးဒေသ(၄) အစည်းအဝေးခန်းမ၌ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.