Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူအား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ နိုဝင်ဘာ ၁၃ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ပန္တုကျေးရွာ၏တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများပြုလုပ်ထားသည့် အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်များဖြင့် ပြုလုပ်ထားသော မြေအောက်ကျင်း တံခါးအားတွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေခွဲရှိ မြေကျင်းအား အမိုးပေါ်တွင် ၆ လက်မပတ်လည် သစ်သားမျောတုံးများ ဖြင့်ကာရံထားသည့် မြေအောက် လူလုပ် လိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူသုံးခုကိုလည်း

နိုဝင်ဘာ ၅ ရက်က အဆိုပါ ကျေးရွာအနီးတွင် ရှာဖွေတွေ့ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.