ရန်ကုန်၊ ဇူလိုင ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့သည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေး ထိုးရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး ရှိ ဒေသတွင်း ဈေးတစ်ခုတွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမ္မန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ရှိ အစ္စရေးသံရုံးအတွင်း၌ ဇူလိုင် ၂၃ ရက် က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦး နှင့် အစ္စရေးဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖမ်းဆီးထားသော တရားခံ ၃၁ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဒမတ်စကပ်စ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အယ်လ်ကိုင်ဒါ စစ်သွေးကြွအုပ်စုနှင့် ဆက်စပ်နေသည့် Nusra တပ်ဦးစစ်သွေးကြွအုပ်စု သည် ပေါ်တူဂီနိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် ပြိုင်ဘက် စစ်သွေးကြွအုပ်စု နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ Idlib မြို့အား ဇူလိုင် ၂၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း...
ကဘူးလ် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြိုက အနောက်ပိုင်း ဒေသရှိ လက်ထောက်အမှုဆောင်အရာရှိချုပ်ရုံး ၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူပေါင်း ၂၀ ဦးခန့် သေဆုံးခဲ့ပြီး အခြား၂၀...
မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည် စစ်တပ်ဂိမ်းများပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှ စစ်သားပေါင်း ၁၂ဝဝ ကျော်သည် ရုရှားနိုင်ငံသို့ရောက်ရှိလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၄ ရက်)တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသဖြင့် မယ်ဟုတ်ချောင်းနှင့် ပုံပါချောင်း ရေကြီးရေလျှံမှုကြောင့် မိုင်းဟဲကျေးရွာအုပ်စုရှိ လယ်မြေ စုစုပေါင်း ၃၀၇ ဧကကျော် ရေလွှမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တီဟီရန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အရှေ့တောင်ပိုင်း Kerman ပြည်နယ် Sirch မြို့၌ ဇူလိုင်လ ၂၃ ရက် ၊ ညပိုင်းအချိန်တွင် ပြင်းအား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသတွင်း...