Connect with us

Africa & Middle East

အီရန် နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်းအား ၅.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် ဖြစ်ပွား ခဲ့သည့် အီရန် နိုင်ငံ အရှေ့တောင်ပိုင်း Kerman ပြည်နယ် Sirch မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

တီဟီရန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အရှေ့တောင်ပိုင်း Kerman ပြည်နယ် Sirch မြို့၌ ဇူလိုင်လ ၂၃ ရက် ၊ ညပိုင်းအချိန်တွင် ပြင်းအား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသတွင်း လျှပ်စစ် နှင့် ဆက်သွယ်ရေးစနစ် များ ပျက်တောက်သွားခဲ့ကာ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မရရှိသေးကြောင်း သိရှိရသည်။

အီရန် ငလျင် စင်တာ ၏ သတင်းထုတ်ပြန်ချက်အရ ငလျင်သည် ဇူလိုင် ၂၃ ရက်နေ့ ဒေသစံတော်ချိန် ၂၂ နာရီ ၀၂ မိနစ် တွင် ဖြစ်ပွားခဲ့ပြီး ငလျင်ဗဟို သည် အရှေ့လောင်ဂျီကျု့ ၅၇.၆ ဒီဂရီ နှင့် မြောက်လတ္တီကျု့ ၃၀.၁ ဒီဂရီ အတွင်း မြေပြင်အောက် အနက် ၁၀ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။အီရန် အစိုးရ အသံလွှင့် ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် ဒေသတွင်း လျှပ်စစ် နှင့် ဆက်သွယ်ရေး စနစ် တို့ ပျက်တောက် သွားခဲ့ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း နှင့် ကယ်ဆယ်ရေး ဝန်ထမ်း များက ငလျင်ဖြစ်ပွားရာ နေရာသို့ သွားရောက်နေပြီး ဖြစ်ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ သည် မြေလွှာ ပြတ်ရွေ့ကြော အထက်တွင် တည်ရှိသောကြောင့် ငလျင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အီရန် နိုင်ငံ ရှိ အဆောက်အဦ များသည် ငလျင်ခံနိုင်ရည် စွမ်းအား နည်းပါးသောကြောင့် အချို့သော အင်အား မပြင်းထန်သော ငလျင်များ ဖြစ်ပွားစဉ် တွင်လည်း ကြီးမားသည့် ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117