ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခု အစိုးရသစ်လက်ထက်တွင် အစည်းအဝေး ၃ကြိမ် ကျင်းပပြီးစီးကြောင်း ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃ခုခွင့်ပြုခဲ့ပြီး ၊ရင်းနှီးမြှုပ်နှံမှုပမာဏပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၂၄.၁၅၆ ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့်...
နယူးဒေလီ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) သက္ကရာဇ် ၂၀၀၈ ခုနှစ်က မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ကြံစည်သူ အဘူ ဂျန်ဒယ်လ် (Abu Jandal) အပါအဝင် ၂၀၀၆ ခုနှစ် လက်နက်များခိုးယူမှု၌ ပါဝင်သူများအား အိန္ဒိယနိုင်ငံ အထူး တရားရုံးက သြဂုတ်လ ၂...
အစ္စလာမ်ဘတ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်တောင်ပိုင်း Jamshoro ခရိုင်တွင် သြဂုတ် ၂ ၇က်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် နောက်တွဲယာဉ်တစ်စီး တိုက်မိ၍ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး လူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu မီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ နေအိမ်တစ်အိမ်အား သတင်းအရစစ်ဆေးရာ ကျပ်သိန်းပေါင်း (၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် အတူ တရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ခြောက်လအကြာက ဝယ်ယူထားခဲ့သည့် အိုင်ဖုန်း (iPhone) ပေါက်ကွဲမှုကြောင့် သြစတြေးလျ အမျိုးသား တစ်ဦး၏ ညာဘက် ပေါင် အပေါ်ဘက် နေရာများစွာ၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘိုလီဗီးယား၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ဘိုလီဗီးယား ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ ခိုးသွင်းရန် ရည်ရွယ်ထားသော ကိုကင်း ၇.၅တန်ကျော်အား ဘိုလီဗီးယားနိုင်ငံသား သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘိုလီဗီးယားသတင်းဋ္ဌာနက ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ် တို့သည် ယခုလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အနေဖြင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များအား၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးခြင်း ယာယီ ရပ်စဲသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်...
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်တွင် ခြောက်လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၅၂ဦးထိရှိလာကြောင်း လားရှိုးမြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှုကော်မတီထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )တို့ ယနေ့တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေး ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။