Connect with us

Environment, Disasters & Accidents

လားရှိုးမြို့တွင် ခြောက်လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၅၂ဦးထိရှိ

လားရှိုးမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (MOI)

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်တွင် ခြောက်လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၅၂ဦးထိရှိလာကြောင်း လားရှိုးမြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှုကော်မတီထံမှ စုံစမ်းသိရှိရသည်။

လားရှိုးမြို့နယ်၌ ဇန်နဝါရီလမှ ဇွန်လအထိ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်စသည့် စည်းကမ်းပျက်ယာဉ်အမှုပေါင်း ၁၁၆၁ မှုအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်မတော်တဆမှုပေါင်း ၂၈၄ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၃၄၃ ဦး၊ သေဆုံး သူ ၁၅၂ ဦးရှိခဲ့ကြောင်း လားရှိုးမြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်အတွင်း ရက်၁ဝဝ စီမံချက်ကာလအဖြစ် ပြည် သူ ဗဟိုပြုရဲလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်စည်းကမ်းလမ်းစည်း မလိုက်နာသည့် အမှုများအပြင် အခြား ရာဇဝတ်မှုများဖြစ်သည့် အမှုကြီး ၃၈ မှု၊ အခြားအမှု ၄၂၈ မှု၊ ကြိုတင်ကာကွယ်မှု ၅၇၁ မှု အရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ တရားခံ ကျား ၄ဝ၃ ဦး၊ မ ၄၂ ဦးတို့အား ဘိန်းဖြူမှု ၁၁၆ မှုမှ ဘိန်းဖြူ ၁၂,၁၅,၃ဝ၂၄၃ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြားမှု ၂၁၇ မှုမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၆၅ဝ,၃၁၆ ပြားနှင့် အခြားမူးယစ်ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.