Connect with us

Europe

အိုင်ဖုန်း ပေါက်ကွဲမှုကြောင့် သြစတြေးလျ အမျိုးသား တစ်ဦး၏ ညာဘက်ပေါင် အပေါ်ပိုင်း မီး လောင်ကျွမ်းခဲ့

အိုင်ဖုန်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ဂဲသ် ကလဲအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆစ်ဒနီ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ခြောက်လအကြာက ဝယ်ယူထားခဲ့သည့် အိုင်ဖုန်း (iPhone) ပေါက်ကွဲမှုကြောင့် သြစတြေးလျ အမျိုးသား တစ်ဦး၏ ညာဘက် ပေါင် အပေါ်ဘက် နေရာများစွာ၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယူးဆောက်သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ ဘွန်ဒီ ဆင်ခြေဖုန်းရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဂဲသ် ကလဲ (Gareth Clear) သည် ဇူလိုင်လ ၃၁ ရက် နေ့လည်ပိုင်း စက်ဘီး စီးနေစဉ် မတော်တဆဖြစ်ပြီး ၎င်း၏ iPhone 6 ပေါ်သို့ ပြုတ်ကျ ဖိမိကာ ပေါက်ကွဲသွားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့်အတူ ၎င်း၏ အတွင်းခံ ဘောင်းဘီတိုလည်း မီး လောင်ကျွမ်းသွားခဲ့ပြီး တင်ပါးဆုံအနီး ညာဘက် ပေါင် အပေါ်က အရေပြား မီးလောင်ကျွမ်းခဲ့သည်။ ၎င်းအား ဆစ်ဒနီရှိ Royal North Shore ဆေးရုံတွင် အရေပြား အစားထိုး ကုသခဲ့ရပြီး ပြန်လည် ကောင်းမွန်ရန် ရက် သတ္တပတ်အတန်ကြာ အနားယူရမည်ဟု ဆိုသည်။
“ကျွန်တော် အခု ၃၆ နှစ်ရှိပြီ၊ ဖုန်းကိုင်လာတာ ၁၈ နှစ်လောက်ရှိပြီ၊ ဖုန်းပေါက်ကွဲတာ ဒါမှမဟုတ် ဆားကစ် ရှော့ဖြစ်ပြီး ယာယီ မီးလောင်ကျွမ်းမှု ဖြစ်သွားခဲ့တယ်၊ ဖုန်း ကိုယ်ထည် သတ္တု ကွေးသွားခဲ့သလို လီသီယံဒြပ် တွေ အားလုံး ယိုစိမ့်သွားတယ်” ဟု ကလဲက ပြောသည်။
ယင်း ကိစ္စနှင့် စပ်လျဉ်း၍ Apple ၏ စုံစမ်းဖော်ထုတ်နေမှုနှင့် ပတ်သက်၍ ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူအား News Corp က မေးမြန်းခဲ့ရာ ကုမ္ပဏီက ငြင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.