ရန်ကုန်၊ မေ၂၂ရက် (ဆင်ဟွာ) ပထမအကြိမ် အာဆီယံနိုင်ငံများ အပျော်တမ်း စက်ဘီးအားကစားသမားများ စုပေါင်း စက်ဘီး သရုပ်ပြစီးနှင်းခြင်း အခမ်းအနားကို မေလ ၂၂ ရက် နံနက်(၆)နာရီခွဲ တွင် ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှေ့၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဆတ်တဟစ် ၊ ထိုင်း ၊ မေ၂၂ရက်(ဆင်ဟွာ) အပြာရောင်တိုက်ခိုက်မှု ၂ဝ၁၆ ( Blue Stirke 2016 ) ဟုအမည်ပေးထားသည့် ထိုင်းရေတပ် နှင့် တရုတ်ရေတပ်တို့အကြား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို မေ၂၁ ရက်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြန်မာ့တပ်မတော်နှင့် SSA(ဝမ်ဟိုင်း) အဖွဲ့တို့ တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခဲ့ ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ၂၂ ရက် (ဆင်ဟွာ) ယမန်နေ့ညပိုင်း က ချင်းပြည်နယ်ကို ဖြတ်ကျော်ခဲ့ သော ကုန်းတွင်းမုန်တိုင်းငယ်သည် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်လက်ဖြတ်ကျော်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၆)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ကျော်ပြီးနောက် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အစ္စလမ်မာဘတ် ၊ မေ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာအက်ခတာမန်ဆာ ( Akhtar Mansoor ) သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ARY ရုပ်မြင်သံကြားက မေ၂၂ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။
ဒါကာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတွင် မေလ ၂၁ ရက် က ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) ဝင်ရောက် တိုက်ခတ်ခဲ့၍ ရွာများ ရေမြုပ်ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့ကာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မေv ၂၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က မြေပြိုကျကာ ကားလမ်းများလည်း ပိတ်ဆို့နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက် အတွင်း အမှုပေါင်း ၉၀၂ မှု အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင်က ယနေ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း...
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ပြည်သူများအတွက် ဝန်ဆောင်မှု ပေးနိုင်သော ရဲလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်လျှင် ပိုမို ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်၊ တရားဥပဒေ စိုးမိုးရေး စနစ်တစ်ခု ထူထောင်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဟယ်လ်စင်ကီ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Nokia ကုမ္ပဏီက ဖင်လန် နိုင်ငံတွင် ဝန်ထမ်း အရေအတွက် ၁,၀၀၀ လျှော့ချသွားမည် ဖြစ်ကြောင်း မေလ ၂၀ ရက်က ကြေညာခဲ့သည်။