Connect with us

Africa & Middle East

အာဖဂန်တာလီဘန် ထိပ်တန်းခေါင်းဆောင် မူလာမန်ဆာ အား ပါကစ္စတန်တွင် သုတ်သင်လိုက်ပြီ

အာဖဂန်တာလီဘန်ခေါင်းဆောင် Mullah Mansoor အားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

အာဖဂန်တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာအက်ခတာမန်ဆာ ( Akhtar Mansoor ) သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ARY ရုပ်မြင်သံကြားက မေ၂၂ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။

မူလာသေဆုံးခြင်းနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံဖက်က တရားဝင် သတင်း အတည်ပြုချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပါ။ပြည်တွင်းသတင်းများအဆိုအရ Balochistan ပြည်နယ်Quetta မြို့၏ အနောက်တောင်ဖက် ၁၅ဝ ကီလိုမီတာအကွာရှိ Ahmad Wak မြို့ငယ်လေး၌ မေလ ၂၂ ရက်နံနက်ပိုင်းတွင် မူလာ နှင့် ၎င်း၏ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီးကို အမေရိကန်မောင်းသူမဲ့လေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် နှစ်စင်း ထိမှန်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
မေ ၂၂ ရက် နံနက် ၃ နာရီခန့်က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် မူလာ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးသွားပြီဟု ယုံကြည်ကြောင်း ၊သို့သော် အမေရိကန်စစ်တပ်အနေဖြင့် တိုက်ခိုက်မှုရလဒ်များကို စိစစ်အကဲဖြတ်လျက် ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုသည်။ ပင်လယ်ကွေ့ဒေသအခြေစိုက် ရုပ်မြင်သံကြားသတင်းဌာန တစ်ခုက မူလာမန်ဆာ သေဆုံးခြင်းအပေါ် တာလီဘန်တို့ဖက်က ငြင်းဆိုထားကြောင်း သတင်းဖော်ပြခဲ့သည်။
မူလာမန်ဆာ အား ၁၉၆ဝပြည့် လွန်နှစ်များတွင် မွေးဖွားခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ ရှိ တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာအိုမာ သေဆုံးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ဝ ရက် မှ စတင်ကာ ၎င်း၏ အနီးကပ်ဆုံးလူယုံဖြစ်သူ မူလာမန်ဆာသည် တာလီဘန်ထိပ်တန်းခေါင်းဆောင်အဖြစ် တရားဝင်ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။
ပါကစ္စတန်နိုင်ငံမှ ဦးဆောင်ကျင်းပပေးမည့် အာဖဂန်နစ္စတန် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို တာလီဘန်တို့ဖက်က ငြင်းဆန်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့မူလာမန်ဆာ သုတ်သင်ခံရသည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.