Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၌ တပ်မတော်နှင့် SSA(ဝမ်ဟိုင်း)အဖွဲ့တို့ တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွား

တပ်မတော်နှင့် SSAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ(ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြန်မာ့တပ်မတော်နှင့် SSA(ဝမ်ဟိုင်း) အဖွဲ့တို့ တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခဲ့ ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

တပ်မတော်သည် သီပေါမြို့နယ် ကုန်းညုကျေးရွာ၊ တွန်ဆောက်ကျေးရွာ၊ ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာ၊ တိန်းလုံကျေးရွာများနှင့် လားရှိုးမြို့နယ်၊ နမ္မဘောဒဒေသများသို့ နယ်မြေရှင်းလင်းရေးပြု လုပ်စဉ် မေ ၅ ရက်မှ ၂၀ ရက်အတွင်း ပုံဝိုး- တောင်ခြေနယ်မြေနှင့် နမ်ပေါင်-နမ္မဘောဒနယ်မြေများတွင် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ နှစ်ဖက် တိုက်ပွဲအတွင်း SSA(ဝမ်ဟိုင်း)ထံမှ အလောင်း ၇ လောင်း၊ လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၇ ခု၊ ယမ်းပျော့များ၊ ဒေသန္တရလုပ်မိုင်း ၄ လုံး၊ ဆက်သွယ်ရေး စက် ၈ လုံးနှင့် အသုံးအဆောင်ပစ္စည်းများ၊ တရားမဝင်သစ်မျိုးစုံ ၁၀၅ တန်နှင့် သစ်တင်ယာဉ် ၅ စီး တို့အားသိမ်းဆည်းရမိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

ယင်း နှစ်ဖက် ထိတွေ့မှုဖြစ်ပွားစဉ်အတွင် တပ်မတော်ဘက်မှ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လက်နက် ၁၈ လက်နှင့် ခဲယမ်းတချို့လည်း ဆုံးရှုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.