Connect with us

Sport

အာဆီယံနိုင်ငံများ အပျော်တမ်းစက်ဘီးအားကစားသမားများ စက်ဘီး သရုပ်ပြစီးနင်း

စက်ဘီးသရုပ်ပြစီးနင်းမှုအား မြင်တွေ့ရစဉ် (M.O.I)

ရန်ကုန်၊ မေ၂၂ရက် (ဆင်ဟွာ)

ပထမအကြိမ် အာဆီယံနိုင်ငံများ အပျော်တမ်း စက်ဘီးအားကစားသမားများ စုပေါင်း စက်ဘီး သရုပ်ပြစီးနှင်းခြင်း အခမ်းအနားကို မေလ ၂၂ ရက် နံနက်(၆)နာရီခွဲ တွင် ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှေ့၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ စုပေါင်း စက်ဘီးစီးသရုပ်ပြပွဲမှတဆင့် အာဆီယံနိုင်ငံများမှ စက်ဘီးအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေခြင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များစက်ဘီးအားကစားနည်းတွင် ပါဝင်လာစေရေး ထူးချွန်ထက်မြက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော စက်ဘီးအားကစားသမား မျိုးဆက်သစ်များပေါ်ထွက်လာ စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြစက်ဘီးစီးပွဲသို့ ဗီယက်နမ်နိုင်ငံ (ဟိုချီမင်း) မှ အားကစားသမား(၂၇)ဦး၊ ဗီယက်နမ်နိုင်ငံ(ဟနွိုုင်း)မှ အားကစားသမား(၁၆)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၆)ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ (၉)ဦး၊ လာအိုနိုင်ငံမှ (၃)ဦး၊ ထိုင်းနိုင်ငံမှ (၃)ဦး၊ မလေးရှားနိုင်ငံမှ(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ(၆)ဦး စုစုပေါင်း(၈၀)ဦးနှင့် မြန်မာနိုင်ငံမှ အပျော်တမ်းစက်ဘီးစီးအားကစားသမား(၂၀၀)ဦး စုစုပေါင်း အားကစားသမား (၂၈၀)ကျော်ပါဝင်သရုပ်ပြစီးနင်းခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.