Connect with us

Culture

ငလျင်ဒဏ်သင့် ပုဂံ စေတီ ပုထိုးများ ပြုပြင် ထိန်းသိမ်းရေး တရုတ်ကျွမ်းကျင်ပညာရှင်များမှ မြန်မာ နိုင်ငံ ပညာရှင်များ ၊ UNESCO ပညာရှင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်

ငလျင်ဒဏ်သင့် စေတီပုထိုးများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အပါအဝင် ပညာရှင်များ လေ့လာ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပုဂံ ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအား တရုတ်နိုင်ငံ ရှေးဟောင်း အဆောက်အအုံ များ ပြု ပြင် ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ၊ ကုလသမဂ္ဂ ပညာရေး သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) တို့နှင့် အတူ ပူးပေါင်းပြီး စေတီပုထိုးများ ပျက်စီးမှု အခြေအနေများအား လေ့လာ သုံးသပ်ခြင်း နှင့် ပြန်လည် ပြု ပြင်ရေး လုပ်ငန်း ကနဦး အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှေးဟောင်း အဆောက်အအုံ များ ပြု ပြင် ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင် အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ရက်သတ္တပတ်တစ်ပတ်ကြာ လာရောက်၍ မြန်မာ ပညာရှင်များ နှင့် အတူ သေသေချာချာ လေ့လာမှုများနှင့် သိပ္ပံနည်းပညာဆိုင်ရာ သုံးသပ်မှုများ ဆက်လက် ပြုလုပ်ကာ အကြံဉာဏ်များ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်သင့် စေတီပုထိုးများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အပါအဝင် ပညာရှင်များ လေ့လာ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်သင့် စေတီပုထိုးများအား တရုတ် ကျွမ်းကျင် ပညာရှင်များ လေ့လာ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်သင့် စေတီပုထိုးများအား တရုတ် ကျွမ်းကျင် ပညာရှင်များ လေ့လာ စစ်ဆေးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် တရုတ် ကျွမ်းကျင်ပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ စေတီပုထိုးများ ထိန်းသိမ်း ပြုပြင် မွမ်းမံရေး ဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ စေတီပုထိုးများ ထိန်းသိမ်း ပြုပြင် မွမ်းမံရေး ဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်ဌာန ၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် Mr.Yan Yalin က ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ပုဂံ ရွှေစည်းခုံ စေတီရှိ ချူအင်လိုင်း တန်ဆောင်းပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လွှဲပြောင်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် တာဝန် ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)
ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ စေတီပုထိုးများ ထိန်းသိမ်း ပြု ပြင် မွမ်းမံရေး ဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့် ပုဂံ စေတီပုထိုးများအား ပူးပေါင်း ပြု ပြင်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ပိုမို တိုးတက် နက်ရှိုင်းလာမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လိုအပ်ချက် အတိုင်း ပြည်သူ အကျိုးပြု လုပ်ငန်းများ ကူညီမှုနှင့် ထောက်ပံ့မှုများ အဆက်မပြတ် ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ သြဂုတ်လ ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဘုရားစေတီ ပုထိုး စုစုပေါင်း ၄၂၅ ဆူခန့်ထိခိုက်ပျက်စီးခဲ့ရကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်ဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Yan Yalin က ပုဂံ စေတီပုထိုးများ ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ရှေးဟောင်း အမွေအနှစ်များ ငလျင်ဘေးသင့် အခြေအနေများကို လေ့လာ ဆန်းစစ်လျက် ရှိပြီး လုပ်ငန်းစဉ်များအတွင်း မြန်မာဘက်မှ တာဝန်ရှိသူများသည် ငလျင်ဘေးသင့်ပြီးနောက်တွင် နောက်ဆက်တွဲ ထိန်းသိမ်းရေး လုပ်ငန်းစဉ် အတွက် အခြေခံ အုတ်မြစ်များ ချမှတ်နိုင်ခဲ့သည်ဟု တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တရုတ် ကျွမ်းကျင်ပညာရှင်များ အဖွဲ့သည် ငလျင်ဒဏ်သင့် ဂူပြောက်ငယ် ဘုရားသို့သွားရောက် လေ့လာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပုဂံဒေသရှိ ရွှေစည်းခုံ စေတီတော် အရှေ့ဘက် ရင်ပြင်၌ ၁၉၆၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ချူ အင်လိုင်း မတည်လှူ ဒါန်းငွေဖြင့် ဆောက်လုပ်ခဲ့သည့် ချူအင်လိုင်း တန်ဆောင်း ပြု ပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လွှဲပြောင်းခြင်း အခမ်းအနားသို့မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တန်ဆောင်း ပြု ပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများအား ဂေါပက အဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.