Connect with us

Culture

တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် ရွှေလီ အုပ်ချုပ်ရေးအဖွဲ့က ပုဂံဘုရားများ ပြုပြင်ရန် ကျပ်သန်း တစ်ရာ လှူဒါန်း

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုအား ပုဂံဘုရားများ ပြုပြင်ရန် ငွေလှူဒါန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံ ရှေးဟောင်း ဘုရား၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြန်လည် ပြုပြင် မွမ်းမံရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး နှင့် ယူနန်ပြည်နယ် ရွှေလီ အုပ်ချုပ်ရေးဌာနတို့က ယနေ့ နေ့လယ်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ကျပ်ငွေ သန်း တစ်ရာ လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ကျပ် သန်းနှစ်ဆယ်နှင့် ယူနန်ပြည်နယ် ရွှေလီ အုပ်ချုပ်ရေးဌာန (The Ruili Municipality of Yunan province)ကကျပ်သန်း ရှစ်ဆယ် လှူဒါန်းခြင်း ဖြစ်ပြီး ရှေးအစဉ်အလာတည်းက ချစ်ကြည် ရင်းနှီးခဲ့သည့် အိမ်နီးချင်းကောင်း ပီသစွာ ကူညီထောက်ပံ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ငွေလှူဒါန်းပွဲတွင် ပြောခဲ့သည်။
ထို့အပြင် ၎င်းက “နောက်ထပ် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ပေးသွားပါမယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ တောင်းဆိုမှုအရ တရုတ်နိုင်ငံ .ယဉ်ကျေးမှု အမွေအနှစ်ဌာနကပညာရှင်အဖွဲ့စေလွှတ်ပြီး ပုဂံ ပြုပြင်ရေး လုပ်ငန်းတွေမှာ ပါဝင်သွားပါမယ်။ အဲဒီ အဖွဲ့နဲ့အတူ ပညာရပ်ဆိုင်ရာ လုပ်ငန်း ပစ္စည်းတွေကိုပါ ယူဆောင် လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ မြန်မာ ပြည်သူလူထု ငလျင်ဘေး အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် ငွေကြေးနဲ့နည်းပညာပိုင်း များမှာ ကူင်္ညီ ထောက်ပံ့သွားပါမယ်” ဟုလည်း ပြောခဲ့သည်။

ယူနန်ပြည်နယ် ရွှေလီ မြူနီစီပယ် အုပ်ချုပ်ရေးဌာနက ကိုယ်စားလှယ်အဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုအား ပုဂံဘုရားများ ပြုပြင်ရန် ငွေလှူဒါန်းနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ယူနန်ပြည်နယ် ရွှေလီ အုပ်ချုပ်ရေးဌာနတို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုနှင့်အတူတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ငွေလှူဒါန်းမှုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားရာတွင် “ပုဂံဘုရား ၂၂၁၇ ဆူရှိ တဲ့အထဲက ၁၉၇၅ ဆူ ငလျင်ကြောင့် တစ်ထောင်ကျော် ပျက်စီးခဲ့ပါတယ်။ အခု ထပ်လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာအစုံ သာသနိက အဆောက်အအုံ ၄၀၀ ခန့် ထပ်မံ ပျက်စီးခဲ့ပါတယ်။ ဒီလို ချစ်ကြည် ရင်းနှီးတဲ့ နိုင်ငံ အချင်းချင်း သဘာဝဘေးကြုံတွေ့လာတဲ့အခါ အိမ်နီးချင်းကောင်း ပီသစွာ ကူညီပေးတဲ့ အတွက် ကျေးဇူး တင်ရှိပါကြောင်းနဲ့ အဆွေတော် သံအမတ်ကြီးနဲ့တကွ ယူနန်ပြည်နယ် ရွှေလီ မြူနီစီပယ် အုပ်ချုပ်ရေးဌာနက ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နိုင်ငံသူ နိုင်ငံသားများအားလုံး ဘေး အန္တရာယ် အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.