ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူရန် စိတ်ဝင်စားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၈...
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော အဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မူဆယ်မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတာဝန်ခံ ဦးနေမျိုးထိုက်ကျော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကွဲအိတ်ရေ ၃၀,၀၀၀ ဝန်းကျင် တင်ပို့နေရကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။
ထျန်းကျင်း၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှ ဟဲပေပြည်နယ် စီကျားကျွမ်းမြို့သို့ ချိတ်ဆက်ထားသည့် ကျင်းစီ မြန်နှုန်းမြင့်အဝေးပြေးလမ်းမကြီးကို ဒီဇင်ဘာ ၂၂ ရက်က တရားဝင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ မြို့နှစ်မြို့အကြား ခရီးအကွာအဝေးကို အချိန် ၃ နာရီအထိ လျှော့ချနိုင်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ကြောင့် ခေတ္တရပ်နားထားရသည့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက် ၌ ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ခန်းမဆောင်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲ ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီ...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် အာဆီယံ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို “ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” သို့အဆင့်မြှင့်တင်ရေး နှင့်၂၀၂၁ ခုနှစ်ကို “အာဆီယံ-တရုတ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်” အဖြစ် သတ်မှတ်ရေး ကိစ္စရပ်များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် တရုတ်နိုင်ငံက အဆိုပြုထားသည့်...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲများတင်ပို့မှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။