Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရန်ကုန်မြို့ရှိမေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးအပ်

ရန်ကုန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရန်ကုန်မြို့ရှိမေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဩဂုတ် ၁၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong သည် ဩဂုတ် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာညွန့်က ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများကိုယ်စား သံရုံးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ အဆိုပါကျောင်းအတွက် ငါးနှစ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး သက်ဆိုင်ရာပစ္စည်းများသည် နားမကြားသောကလေးများ၏ နေ့စဉ်ပညာသင်ကြားရေးနှင့် နေထိုင်မှုဘဝအတွက် အထောက်အပံ့ဖြစ်စေပြီး တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုလည်း ထင်ဟပ်လျက်ရှိကြောင်း သိရသည်။
သံမှူးကြီး Dr. Zheng Zhihong သည် ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စာသင်ခန်းများသို့ လေ့လာကြည့်ရှုပြီး ကလေးများနှင့် နှုတ်ဆက်ကာ ကလေးများ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာပါစေ၊ ကျောင်းကြီး ပိုမိုတိုးတက်ကောင်းမွန်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.