ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနား ယနေ့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ဖွင့်လှစ်ခဲ့သည်။
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ မစ္စတာရှီကျင့်ဖိန် (Mr. Xi Jinping )မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်အား ၂၀၁၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ဂုဏ်ပြုခြင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ရေးရာဌာနမှ Mme.Rao Huihua ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့မတ်လ ၁၆ ရက်တွင် လာရောက်တွေ ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့မတ်လ ၁၆ ရက်တွင်...
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကျင်းပ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ သမ္မတသစ် အဖြစ် ဦးထင်ကျော် ရွေးချယ်တင်မြှောက် ခံရသည့်အပေါ် တရုတ်နိုင်ငံက ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း တရုတ်...
ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) အစိုးရသစ်ကို ဦးဆောင်မည့် နိုင်ငံတော် သမ္မတအား ရွေးချယ်တင်မြှောက်လိုက်သည့် အတွက် မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ဝမ်းမြောက် ဂုဏ်ပြုကြောင်း သံရုံးမှ ယနေ့မတ်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းသည် ၂၀၁၆ ခုနှစ် မတ်လ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြု ညစာ စားပွဲကို ရန်ကုန်မြို့တွင်...
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) လာမည့် အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ပိုမို ကောင်းမွန်လာရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ယနေ့မတ် ၈ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယခု ဘဏ္ဍာနှစ်အတွင်း တရားဝင်လမ်းကြောင်းမှ ဆန်တန်ချိန် ၅၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးမှ ပညာရည် ထူးချွန် ထက်မြက်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူများအား ပညာသင် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်ပွဲအား ယနေ့မတ် ၆ ရက်နေ့တွင်...
နေပြည်တော်၊ မတ် ၅ ရက် (ဆင်ဟွာ) ပထမအစိုးရ သက်တမ်းကုန်ဆုံးရန် ရက်ပိုင်းအလို၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ပြည်သူများနှင့် လူငယ်၁၈၅၃ဦးက ယနေ့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ဂါရပုနှုတ်ဆက်ကြသည်။