Connect with us

Social

တရုတ် ဘာသာစကား သင်ကြားတတ်မြောက်ထားခြင်း သည် မိမိ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာ တွင် များစွာအကျိုးရှိကြောင်း ပြောကြား

၂၀၁၇ ခုနှစ် တရုတ် ဘာသာစကား သင်ကြားရေး နှင့် ကွန်ဖြူးရှပ် သင်တန်း တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတိုမှ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ် ဘာသာစကား သင်ကြားတတ်မြောက်ထားခြင်း သည် မိမိ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာ တွင် များစွာအကျိုးရှိကြောင်း ဖူချင့် ကွန်ဖြူးရှပ် သင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ထွန်းနိုင် (Dr.Li Zuqing) က ၂၀၁၇ ခုနှစ် တရုတ် ဘာသာစကား သင်ကြားရေး နှင့် ကွန်ဖြူးရှပ် သင်တန်း တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့သည်။

ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ထွန်းနိုင် က တရုတ်ဘာသာ စကားသည် လက်ရှိချိန် တွင် တရုတ် လူမျိုးများသာ သင်ကြားသည့် ဘာသာစကား တစ်ခု မဟုတ်တော့ဘဲ လူတိုင်း သင်ကြားလေ့လာ နေသည့် ဘာသာရပ် တစ်ခု ဖြစ်ခဲ့ကြောင်း ၊ တရုတ်ဘာသာ စကား သင်ကြား တက်မြောက် ထားပါက မိမိတို့၏ လုပ်ငန်းခွင် လေ့လာသင်ယူမှု တွင်လည်း များစွာ အထောက်အကူ ဖြစ်စေသည့် ဘာသာ စကား တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် ဘာသာစကား သင်တန်း များတွင်လည်း အသက်မွေးဝမ်းကြောင်း ဘာသာရပ် အလိုက် တရုတ်ဘာသာစကား သင်တန်းများကိုလည်း သင်ကြားပို့ချပေးနေကြောင်း ၊ မြန်မာ နိုင်ငံ ၌် တရုတ်ဘာသာ စကား သင်ကြားပို့ချပေးခြင်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး အတွက် အထောက်အကူ ပြုနိုင်ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး ကိုလည်းအထောက်အကူပြုနိုင်ကြောင်း ၊ တရုတ် ဘာသာ စကား သင်ကြားပေးခြင်းဖြင့် နိုင်ငံတကာ အဆင့်ရှိသည့် ပညာရပ်များကို လေ့လာတတ်မြောက်ထားသော ပညာရှင်များကို မွေးထုတ်ပေးကာ မြန်မာ နိုင်ငံ ကိုပြန်လည် အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တွင် ကျင်းပပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့သည်။

ဖူချင့် ကွန်ဖြူးရှပ် သင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ထွန်းနိုင် (Dr.Li Zuqing) အား ဆွေးနွေးပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

တွေ့ဆုံဆွေးနွေးပွဲ သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံမှူးး ထျန်ဆန်ထင် ၊ တရုတ်စာ သင်ကြားရေး ဆရာများ အသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ ၊ အရှေ့တိုင်း ကွန်ဖြူးရှပ် သင်တန်း တာဝန်ရှိသူများ ၊ ဖူရှင်း နှင့် ဖူချင့် ကွန်ဖြူးရှပ် တရုတ်စာ သင်တန်း မှ တာဝန်ရှိသူများ ၊ လားရှိုး မြို့ရှိ တရုတ် ဘာသာ စကား စာသင်ကျောင်းများမှ တာဝန်ရှိသူများ ၊ မန္တလေး ကွန်ဖြူးရှပ် စာသင်ကျောင်း မှ တာဝန်ရှိသူများ ၊ မန္တလေး ယွင်ဟွာ ဆရာ အတတ်သင်ကျောင်း မှ တာဝန်ရှိသူများ ၊ နိုင်ငံတကာ စာသင်ကျောင်း များမှ တာဝန်ရှိသူများ ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် တရုတ် ဘာသာဌာန မှ ဆရာမ နှင့် လုပ်အားပေး ဆရာ/ဆရာမ များ စီမံရေး အသင်း မှ တာဝန်ရှိသူတို့မှ တက်ရောက် ခဲ့ကြသည်။ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လာသည် နှင့်အမျှ နိုင်ငံခြားဘာသာ စကား တစ်ခု ဖြစ်သည့် တရုတ် ဘာသာ စကားသင်ယူလေ့လာမှု သည်လည်း တိုးတက်ဖွံ့ဖြိုးမှု များစွာ ရရှိခဲ့ကြောင်း ၊ တရုတ် ဘာသာ စကား သင်ကြားရာတွင် မြန်မာ နိုင်ငံ ပြည်သူလူထု လိုအပ်ချက်များကို အလေးထားပေါင်းစပ်ပြီး တရုတ် ဘာသာ စကား သင်ကြားပို့ချခြင်း ၏ ဦးတည်ချက်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လတ်တလော ကာလ တွင် မြန်မာ နိုင်ငံ အစိုးရ ဝန်ကြီးဌာန များ ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် ပါတီ အချို့ တို့တွင်လည်း တောင်းဆိုမှုများအရ တရုတ်ဘာသာစကားသင်ကြားပို့ချမှုများကိုဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ တစ်နေ့တစ်ခြား တိုးတက်များပြား လာသည် နှင့် အမျှ တရုတ် ဘာသာ စကား သင်ကြားခြင်းသည် လုပ်ငန်း ဆောင်ရွက်မှု ပိုင်းတွင်လည်း အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် ဘာသာစကား သင်ကြားပို့ချမှု တွင် ရင်ဆိုင်နေရသည့် အခက်အခဲ များကို ဆွေးနွေးကာ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အား ၂၀၁၇ ခုနှစ် တရုတ် ဘာသာစကား သင်ကြားရေး နှင့် ကွန်ဖြူးရှပ် သင်တန်း တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် ဘာသာစကား သင်ကြားရေး နှင့် ကွန်ဖြူးရှပ် သင်တန်း တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ မြင်ကွင်း(ဆင်ဟွာ)

ဆွေးနွေးပွဲ တွင် တရုတ် ဘာသာစကား သင်ကြားပို့ချနေသည့် ဆရာ/ဆရာမ များ ၊ ကျောင်းအုပ်များ နှင့် တရုတ် ဘာသာစကား သင်ကြားရေး တွင် စီမံခန့်ခွဲမှုပိုင်း တာဝန်ယူထားသူ တို့မှ မြန်မာ နိုင်ငံ တွင် တရုတ် ဘာသာစကား သင်ကြားမှု အခြေအနေများ ၊ ရင်ဆိုင်နေရသော အခက်အခဲများ ၊ လိုအပ်ချက်များ ၊ ဖြေရှင်းမှု နည်းလမ်းများ ၊ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် အတွက် အကြံပြုချက်များ နှင့် တိုးတက်ဖွံ့ဖြိုးရေး အတွက် အစီအစဉ် များနှင့် ပတ်သက်၍ သဘောထား အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။(Xinhua)