Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဆွေပူးပေါင်းဆက်ဆံရေးကို တွန်းအားပေးစေမည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆာင်ရွက်ရေး ဖိုရမ် ကျင်းပ

မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၁ ရက် (ဆင်ဟွာ)

“ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း – တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဆွေပူးပေါင်းဆက်ဆံရေး၏ တွန်းအားသစ် ” ဟူသည့် ခေါင်းစဉ်ဖြင့် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် နေပြည်တော် ရှိ MICC-2 ခန်းမ တွင်ကျင်းပပြုလုပ် ခဲ့ပါသည်။

ပထမ အကြိမ် ကျင်းပခဲ့သည့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သို့ မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ၊ တရုတ်နိုင်ငံ ခရီးသွားလာရေးဌာန ဒုတိယဝန်ကြီး သုကျန်း ( Du Jiang ) ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Chen Shun နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် တို့မှ တက်ရောက် အမှာစကား ပြောကြား ခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခု ကျင်းပသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သည် နှစ်နိုင်ငံ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မှ ခရီးသွားလုပ်ငန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများအပေါ် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိအောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို မြင့်တင်ရန်ဆောင်ရွက်နေသည်မှာ ပေါ်လွင်စွာ သိရှိခဲ့ရကြောင်း ၊ မြန်မာ နိုင်ငံ သို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အနက် တရုတ် နိုင်ငံ သည် ဒုတိယ အများဆုံးဖြစ်ပြီး မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဈေးကွက်နိုင်ငံ ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး မြန်မာ နိုင်ငံ နေရာဒေသ အသီးသီး တွင် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ကြောင်း ၊ မြန်မာ နိုင်ငံ သည် မဟာမဲခေါင် ဒေသခွဲ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် အတွက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၊ လင်ချန်း-မဲခေါင် ခရီးသွား မြို့တော်များ မဟာမိတ် တည်ထောင်ရေး လုပ်ငန်းတွင်လည်း ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအားဖြင့် မဟာဗျူဟာမြောက် လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မည့် အစီအစဉ်များ ယူဆောင်လာမည် ကိုယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ခရီးသွားလာရေးဌာန ဒုတိယဝန်ကြီး သုကျန်း ( Du Jiang ) အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Chen Shun အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ပထမ အကြိမ် ကျင်းပခဲ့သည့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မြင်ကွင်း (ဆင်ဟွာ)

တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး သုကျန်း က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ သည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှုတွင် အာရှတိုက်တောင်ပိုင်းရှိ အရေးပါသည့် နိုင်ငံဖြစ်ကြောင်း ၊ ၂၀၀၁ ခုနှစ် မှစတင်၍ တရုတ် နိုင်ငံ ပြည်သူလူထု တို့သည် မြန်မာ နိုင်ငံသို့ စုပေါင်းကာသွားရောက်လည်ပတ်ခဲ့ကြပြီး ထို့နောက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ခရီးသွားလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် သဘောတူညီမှုစာချုပ်များစွာ ရေးထိုးခဲ့ကြကြောင်း ၊ လတ်တလော ကာလ တွင် နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာမှု သည် လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် ပြည်ပ နိုင်ငံသားများ အနက် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည်များသည် ဒုတိယ အများဆုံး ဖြစ်လာခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရန် အတွက် အရည်အသွေး မြှင့်မားသည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၊ ကဏ္ဍအသီးသီး မှ လက်တွေ့ကျသည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများ မှ အရေးကြီးသည့် စီမံကိန်း များ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင် က အမှာစကား ပြောကြားရာတွင် ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ ရခြင်း သည် နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အတွက် အားအင်သစ် ဖြစ်စေရန် ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် လုပ်ငန်းများအနက်တစ်ခုဖြစ်ပြီး ဖွံဖြိုးဆဲ နိုင်ငံများအတွက် ဝင်ငွေ နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေး သော လုပ်ငန်းဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သည် သဘာဝ အလှအပ များကြွယ်ဝပြီး ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် အတွက် အခြေအနေကောင်းများ နှင့် ပြည့်စုံနေသည့် နိုင်ငံ ဖြစ်ကြောင်း ၊ ယခု ကျင်းပ သည့် ဖိုရမ် မှ တစ်ဆင့် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ငန်းအစီအစဉ် များကို ချမှတ်နိုင်မည့်အပြင် နှစ်နိုင်ငံ ပုဂ္ဂလိက ခရီးသွား လုပ်ငန်းရှင်များလည်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့သည့် အတွက် လွန်စွာ အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Chen Shun က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်းထိစပ်နေသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်ရှိကြောင်း ၊ ယခုနှစ်တွင် နှစ်နိုင်ငံ အစိုးရ ၏ တွန်းအားပေး ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည် ကဏ္ဍအသီးသီးတွင် ပိုမို ကျယ်ပြန့်လာစေခဲ့ကြောင်း ၊ ယခုကျင်းပ သည့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မှ တစ်ဆင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍ တွင် လက်တွေ့ကျသည့် တိုးတက်ဖွံ့ဖြိုးမှုများ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ ဌာန တို့မှ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို ကျင်းပ နိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူလူထု အကြား နားလည်မှု နှင့် ယုံကြည်မှု ကိုလည်း တိုးမြှင့် နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် အဆက်မပြတ် တိုးတက် ဖွံ့ဖြိုးလာ သည်နှင့်အမျှ ပြီးခဲ့သည့် နှစ်တွင် တရုတ် နိုင်ငံ မှ ပြည်ပသို့သွားရောက်ခဲ့သူပေါင်း သန်း ၁၂၀ ကျော်ရှိခဲ့ပြီး သွားရောက်လည်ပတ်သည့် နိုင်ငံများအား အလုပ်အကိုင် အခွင့်အလမ်း ၊ လူမှုဘဝ မြင့်တင်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ လတ်တလော နှစ်များတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွား ဧည့်သည်များသည် အပြန်အလှန် သွားရောက်လည်ပတ်မှုများ အဆက်မပြတ် တိုးတက်လာခဲ့ပြီး တရုတ် နိုင်ငံသည်လည်း မြန်မာ နိုင်ငံ သို့ ဒုတိယ အများဆုံး လာရောက်လည်ပတ်သည့် နိုင်ငံ ဖြစ်လာခဲ့ကြောင်း ၊ မကြာမီအချိန်တွင် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ သို့အများဆုံး လာရောက်လည်ပတ်သည့် နိုင်ငံ ဖြစ်လာမည် ဖြစ်ကြောင်း ၊ ဤသည်မှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် မြန်မာနိုင်ငံ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေမည့် မူဝါဒ နှင့်လည်း ကိုက်ညီမှုရှိကြောင်း ၊ ယခု ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဖွင့်အမှာစကား ပြောကြားခြင်း ပြီးဆုံးပြီးနောက်တွင် အခမ်းအနား တက်ရောက်ခဲ့ကြသည့် ဧည့်သည်တော်များမှ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ ခရီးသွားလုပ်ငန်း သက်ဆိုင်ရာ လုပ်ငန်း ကိုယ်စားလှယ်များ ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အစိုးရ ကိုယ်စားလှယ်များ နှင့် မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း သက်ဆိုင်ရာ ကိုယ်စားလှယ် တို့မှ တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရာတွင် ဖော်ဆောင်လုပ်ကိုင်ရန် သင့်လျော်သော တည်နေရာများ ၊ လုပ်ကိုင်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းဆောင်ရွက်မှုပုံစံများ ၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိုပိုမို အားကောင်း စေရန် အကြံပြုချက်များ နှင့် ခရီးသွားလုပ်ငန်း တွင် ရင်ဆိုင်နေရသည့် အချို့သော အခက်အခဲများကို ရှင်းလင်းတင်ပြ ဆွေးနွေး ခဲ့ကြသည်။

ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ၊ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တို့မှ ပူးပေါင်း စီစဉ်ဆောင်ရွက် ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.