Connect with us

Politics

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး တို့ တွေ့ဆုံ ဆွေးနွေး

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် နှင့် တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး သုကျန်း (Du Jiang) တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် နှင့် နေပြည်တော်သို့ ရောက်ရှိနေသည်တရုတ်နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး သုကျန်း (Du Jiang) တို့နေပြည်တော်ရှိ Horizon ဟိုတယ်၌ ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးမှု

ပြုလုပ် ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ သို့ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထာင်စု ဝန်ကြီး ဦးအုန်းမောင် ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးးချုပ် ဦးတင့်သွင် ၊ ဒုတိယ ညွှန်ကြားရေးမှူးးချုပ်များ ၊ မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့ချုပ် မှ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးမောင်မောင်ဆွေ နှင့် ဦးဖြိုးဝေရာဇာ ၊ မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းမှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး သုကျန်း ၊ ယူနန် ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးး Mr.Chen Shun ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ တွင် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းမောင် နှင့် တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယဝန်ကြီး သုကျန်း တို့မှ တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ဒုတိယ ဝန်ကြီး သုကျန်း သည် မတ်လ ၁ ရက်နေ့တွင် နေပြည်တော် ရှိ MICC-2 တွင်ကျင်းပမည့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကို တက်ရောက်ရန် နေပြည်တော် သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)