ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကောင်းမွန်စွာလည်ပတ်စေရန်နှင့် စီးပွားရေးကဏ္ဍ တွင် ပိုမိုတိုးတက်ဖွံ့ဖြိုးတက်စေမည့် ဥပဒေများကိုပြဋ္ဌာန်းကာ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရလုပ်ငန်းစဉ်များကိုဆောင်ရွက်ရန် E platform တစ်ခုကိုလည်း တည်ဆောက်သွားတော့မည်ဖြစ်ကြောင်းစသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးမြှင့်စေမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍မီဒီယာများကိုရှင်းလင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် နျူကလီးယား ကင်းစင်ရေးဆောင်ရွက်မှုများတွင် အကောင်းဆုံးဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်လှစ် ထားမည် ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်ကဏ္ဍတို့တွင် အခွန်အခများကိုလည်း လျှော့ချပေးသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကဏ္ဍကိုလည်းပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဍတွင် သဟဇာတဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်ပြည်သူူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်လီခဲ့ချန် သတင်းစာရှင်းလင်းပွဲကျင်းပသည့်မြင်ကွင်း အပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) မတ်လ ၁၇ ရက်နေ့ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန်၏ ပြည်သူများနှင့်တစ်သားတည်း လှုပ်ရှားဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်မှုပုံရိပ်များဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဟူချွန်ဟွာ (Hu Chunhua) အား တွေ့ရစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် လျူဟဲ (Liu He) အား တွေ့ရစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်များအဖြစ်...
ပေကျင်း ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်(Li Keqiang) က ယနေ့(မတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဥပဒေပြုရေး နှစ်ပတ်လည်အစည်းအဝေး ၏ မျက်နှာစုံညီအစည်းအဝေး၌ ဝေ့ဖုန့်ဟော် (Wei Fenghe) ၊ ဝမ်းယန် (Wang Yong) ၊ ဝမ်ရိ...
ပေကျင်း ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးဖြစ်သော ကျင်းပဆဲ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေး၌ တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လီခဲ့ချန်ကို ယနေ့(မတ်လ ၁၈ ရက် နံနက်ပိုင်း)တွင် ထောက်ခံရွေးချယ်လိုက်ကြောင်း သိရသည်။ (Xinhua)