Connect with us

NPC

ဆင်းရဲနွမ်းပါမှု တိုက်ဖျက်ရေး ၏ နောက်ဆုံးတိုက်ပွဲ အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ပြောကြား

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၊ အမြဲတမ်းအမှုဆောင် ကော်မတီ ဥက္ကဋ္ဌ လိကျန်ဆူး က မေလ ၂၂ ရက် တွင် ကျန်းရှီး ပြည်နယ် ကိုယ်စားလှယ် အဖွဲ့ နှင့် အစည်းအဝေး ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၊ အမြဲတမ်းအမှုဆောင် ကော်မတီ ဥက္ကဋ္ဌ လိကျန်ဆူး က မေလ ၂၂ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းရှီး ပြည်နယ် ကိုယ်စားလှယ် အဖွဲ့ နှင့် အစည်းအဝေး တွင် ကျန်းရှီးပြည်နယ် အစိုးရ ၏ လုပ်ငန်း အစီရင်ခံစာ အား ပြန်လည်သုံးသပ်မှု ပြုလုပ် ခဲ့ပြီး ကိုယ်စားလှယ် များ၏ ပြောဆိုမှုများအား ကြားနာကာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

လိကျန်ဆူး က လွန်ခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း ဗဟိုကော်မတီ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကို အဓိက ထား၍ ဘက်စုံမဟာဗျူဟာ အခင်းအကျင်း လေးခု ကို ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ကြီးမားသည့် တိုးတက်မှု အသစ်များကို ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ တွင် ရှီကျင့်ဖိန် ၏ ခေတ်သစ် တရုတ် နိုင်ငံ ဆိုရှာယ်လစ် မူဝါဒ ကို အလုံးစုံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အခက်အခဲများကြားတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး နောက်ဆုံးတိုက်ပွဲ ဆောင်ရွက်ခြင်း နှင့် ဘက်စုံသာယာဝပြောသော လူနေမှု အသိုင်းအဝိုင်း တည်ဆောက်ရေး ရည်မှန်းချက် တို့ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ဗဟိုကော်မတီ ၏ ဦးဆောင်မှု အောက်တွင် ချမှတ်ထားသည့် မူဝါဒ များအား အချိန်မီ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် မဟာဗျူဟာ ယုံကြည်မှု နှင့် သေချာပေါက်အောင်မြင်မှု သတ္တိ တို့ကို တိုးမြှင့်ကာ ယခုနှစ်တွင် အကောင်အထည်ဖော်ရမည့် ရည်မှန်းချက်များ အားလုံး အကောင်အထည် ဖော်နိုင်မည် မှာ သေချာကြောင်း ၊ COVID-19 ရောဂါ ဖြစ်ပွား ခဲ့ပြီးနောက်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ကိုယ်တိုင် ဦးဆောင်မှု အောက်တွင် ခက်ခဲစွာ ကြိုးပမ်းအားထုတ် ခဲ့ပြီးနောက်တွင် ဟူပေ ကာကွယ်ရေး တိုက်ပွဲ တွင် အောင်မြင်မှု ရရှိနိုင်ခဲ့ကြောင်း ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တိုက်ပွဲ တွင် ကြီးမားသည့် မဟာဗျူဟာ အောင်မြင်မှု ရရှိနိုင်ခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကို ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့သဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၏ ဦးဆောင်မှု နှင့် တရုတ် နိုင်ငံ ဆိုရှယ်လစ် မူဝါဒ စနစ် ၏ အားသာချက် ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လိကျန်ဆူး က ကျန်းရှီး ပြည်နယ် အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တရုတ် နိုင်ငံ ဆိုရှယ်လစ် မူဝါဒ အတွေးအမြင် အား ကောင်းမွန်စွာ လေ့လာသင်ယူပြီး အသုံးချသွားရမည် ဖြစ်ကြောင်း ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကို တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ၏ နောက်ဆုံး တိုက်ပွဲ ရည်မှန်းချက် ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အာမခံချက် ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပါတီ ၏ ဘက်စုံ ဦးဆောင်မှု ကို ခိုင်မြဲစွာ လိုက်နာ သွားရမည် ဖြစ်ကြောင်း ၊ ယခု အကြိမ် NPC အစည်းအဝေး တွင် အမျိုးသားပြည်သူ့ကွန်ဂရက် ဆိုင်ရာ ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ သတ်မှတ်ချက် အား ဘက်စုံ တည်ထောင်ခြင်း နှင့် သတ်မှတ်ချက် အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သုံးသပ်သွားမည် ဖြစ်ပြီး အမြဲတမ်း ကော်မတီ မှ သက်ဆိုင်ရာ ဥပဒေ အား ချမှတ်ဆောင်ရွက်သွားရန် အခွင့်အာဏာ ပေးအပ် ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က တရုတ် နိုင်ငံ အခြေခံ ဥပဒေ နှင့် ဟောင်ကောင် အခြေခံ ဥပဒေ နှင့် ကိုက်ညီမှု ရှိပြီး ဟောင်ကောင် ပြည်သူလူထု နှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား အားလုံး ၏ ဘက်စုံ ထောက်ခံအားပေးမှု နှင့် ကာကွယ်စောင့်ရှောက်မှု ကို ရရှိနိုင်မည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။  (Xinhua)