Connect with us

Africa & Middle East

ဆော်ဒီ အိမ်ရှေ့မင်းသားသစ် ခန့်အပ်

ဆော်ဒီနိုင်ငံ အိမ်ရှေ့မင်းသားသစ်အဖြစ် ခန့်အပ်ခံရသော မင်းသား မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံ ဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒူလ်လာဇစ် အယ်လ် ဆော့ဒ်သည် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နေ့ဗ် အား ဇွန်လ ၂၁ ရက်က ရာထူးမှ ဖယ်ရှားပြီးနောက် ၎င်း၏ သား ဖြစ်သူ မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား အစားထိုး ရာထူးအပ်နှင်းလိုက်ကြောင်း အယ်လ်အာရေဗျ တီဗီသတင်း ချန်နယ်တွင် တင်ပြခဲ့သည်။

အယ်လ်အာရေဗျ တီဗီသတင်း ချန်နယ်အရ ဆော်ဒီအာရေဗျ၏ သစ္စာခံ ကောင်စီတွင် မဲခွဲဆုံးဖြတ်ချက်ရာ အဖွဲ့ဝင် ၄၃ ဦးတွင် ၃၁ ဦးက ထောက်ခံမှုဖြင့် မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား အိမ်ရှေ့မင်းသား အဖြစ် ခန့်အပ်ခဲ့သည်။

မိုဟာမက် ဘင် ဆဲလ်မန်သည် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသလို ကာကွယ်ရေး ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ပြင် ဆော်ဒီဘုရင်က အိမ်ရှေ့မင်းသားဟောင်းအား ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးအဖြစ်မှ အနားပေးလိုက်ပြီး ယင်း နေရာအတွက် မင်းသား အဗ္ဗဒူလ်လာဇစ် ဘင် ဆော့ဒ် နေ့ဖ်အား အမည်စာရင်း တင်သွင်းလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.