Connect with us

Africa & Middle East

မိုဆူးလ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုအတွင်း ပြင်သစ်နှင့် အီရတ် သတင်းစာဆရာများ သေဆုံး

အီရတ်နိုင်ငံ မိုဆူးလ်မြို့ဟောင်းသို့ ဦးတည်သွားနေသည့် အီရတ် စစ်ကားများအား ဇွန်လ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုလ်ဆူးလ်၊ အီရတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ဘက်တွင် မြေမြှုပ်မိုင်း တစ်ခု ပေါက်ကွဲခဲ့ရာ ပြင်သစ် သတင်းစာဆရာ တစ်ဦးနှင့် အီရတ် ကာ့ဒစ်ရှ် သတင်းစာဆရာ တစ်ဦး သေဆုံးခဲ့ကြောင်း အီရတ် လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။

ဇွန်လ ၁၉ ရက်က အိုင်အက်စ်တို့ ထိန်းချုပ်ထားသော ရှေးဟောင်း မြို့လယ်အစွန်ဘက်ရှိ အိုင်အက်စ် စစ်သွေးကြွများအား နှိမ်နင်းရန် အီရတ် တပ်ဖွဲ့ဝင်များနှင့် သတင်းစာဆရာများအား တင်ဆောင်လာသည့် ယာဉ် တစ်စီး ဖြတ်သန်းစဉ် မြေမြှုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း

သေဆုံးခဲ့သည့် ပြင်သစ် သတင်းစာဆရာမှာ Stephane Villenuve နှင့် အီရတ် သတင်းစာဆရာ Bakhtiyar Haddad တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသအခေါ် Tigris မြစ်၏ ညာဘက်ကမ်းဖြစ်သော Al-Shifaa ဒေသမှ အိုင်အက်စ် စစ်သွေးကြွများအား နှင်ထုတ်ရန် ဇွန်လ ၁၈ ရက် နံနက်ပိုင်းကစ၍ နိုင်ငံတကာ မဟာမိတ်များ ကျောထောက်နောက်ခံပြုထားသော အီရတ် စစ်တပ်က နောက်ဆုံး စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံ မြို့တော် ဘက်ဂဒက်မှ ကီလိုမီတာ ၄၀၀ အကွာရှိ မိုလ်ဆူးမြို့သည် ၂၀၁၄ ခုနှစ် ဇွန်လကတည်းက အိုင်အက်စ်တို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.