Connect with us

Africa & Middle East

ပါကစ္စတန်က အာဖဂန် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာမည်

ပါကစ္စတန် နယ်စပ်တစ်ခုတွင် စောင့်ကြပ်နေသည့် ပါကစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံစစ်တပ်က စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများအား ဖြတ်တောက်နိုင်ရန် အတွက် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် တစ်ခုလုံးကို ခြံစည်းရိုးကာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံ အကြားထိစပ်နေသော နယ်စပ်အကျယ်အဝန်း မှာ ၂,၆၀၀ ကီလိုမီတာ နီးပါးရှိပြီး နေရာအများစု မှာ လုံခြုံရေးကင်းမဲ့နေကာ အကြမ်းဖက်တိုက်ခိုက်ရန် ဝင်ရောက်လာသည့် စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို တားဆီးရန် ပျက်ကွက်ခဲ့မှုဖြင့် တစ်ဖက် နှင့် တစ်ဖက် ပြစ်တင်ခဲ့ကြကြောင်း သိရသည်။

ပါကစ္စတန်စစ်တပ်က Bajaur, Mohmand နှင့် Khyber လူမျိုးစု ဒေသများရှိ နယ်စပ်ဧရိယာများတွင် တရားမဝင် ဝင်ရောက်လာမှုများ မြင့်တက်လာ၍ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်ခုလုံးအား ခြံစည်းရိုးကာရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၂၀ ရက်တွင်ပြောကြားခဲ့သည်။

လက်နက်ကိုင်အုပ်စုများသည် လူမျိုးစု ဒေသများ၌ နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြသော်လည်း ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းဧရိယာ အများစု ကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ယင်းဒေသများတွင် ပြည်တွင်း အာဏာပိုင်များ၏ အမိန့်စာများ ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် ခြံစည်းရိုး ကာခြင်းတို့အပြင် နယ်စပ်လုံခြုံရေးအတွက် တာဝန်ရှိသည့် ပါကစ္စတန်စစ်တပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် အပျော်တမ်းတပ်ဖွဲ့ များက Pakhtunkhwa ပြည်နယ် တွင် စောင့်ကြည့်မှု နှင့် ကာကွယ်ရေးစနစ်များကို မြှင့်တင်ရန် ခံတပ်အသစ်များ နှင့် နယ်စပ်ဂိတ်များ တည်ဆောက်နေကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ် တစ်လျှောက် လုံခြုံမှုရှိခြင်းသည် နှစ်နိုင်ငံစလုံးအတွက် ဘုံအကျိုးစီးပွား ဖြစ်ပြီး ကောင်းစွာဖွဲ့စည်းဆောင်ရွက်ထားသော နယ်စပ်လုံခြုံရေး ယန္တရား သည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ရေရှည်တည်တံ့ရန် လိုအပ်ကြောင်း ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.