Connect with us

Africa & Middle East

တူရကီ နိုင်ငံ သမ္မတ က ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှု အတိုင်းအတာ ကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသတွင် ဆောင်ရွက်နေသည့် စစ်ရေးဆောင်ရွက်မှု များကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပြီး Afrin ဒေသ အရှေ့ပိုင်း Manbij ဒေသ ကို ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့၌ ပြောကြား ခဲ့သည်။

Recep Tayyip Erdoğan က အထက်ပါ အကြောင်းအရာ ကို ပြောကြား ခဲ့ရာတွင် အမေရိကန် နိုင်ငံ အား လူထုကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့ (YPG) များ Manbij ဒေသ သို့ ဝင်ရောက် နိုင်ရန် ကူညီခဲ့သည့် အပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီး တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Manbij ဒေသ သို့ ဝင်ရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

ထို့ပြင် Recep Tayyip Erdoğan က ဇန်နဝါရီလ တွင် စတင်ဆောင်ရွက်ခဲ့သည့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ၌ စစ်ရေးဆောင်ရွက်မှုတွင် ရန်သူလက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၁,၀၀၀ ကျော်ကို ချေမှုန်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် စစ်ရေးဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Manbij ဒေသ သည် ဆီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး တူရကီ နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ် နေကာ မဟာဗျူဟာ အရ အလွန်အရေးပါသည့် ဒေသ တစ်ခု ဖြစ်ပြီး လက်ရှိချိန်တွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ မှ ထိန်းချုပ်ထားသည့် ဒေသ တစ်ခု ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့ မှ စတင် ၍ တူရကီ နိုင်ငံ က သံလွင်ခက် (Operation Olive Branch) ဟု အမည်ရသည့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Afrin ဒေသ ကို တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ဆောင်ရွက်ခဲ့သည်။ တူရကီ နိုင်ငံ အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း ဟု သတ်မှတ်ထားသည့် လူထုကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့အား Kurds လက်နက်ကိုင် တပ်ဖွဲ့ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်ဖွဲ့ခွဲ ဖြစ်သည် ဟုလည်း ရှုမြင်ထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.