Connect with us

Africa & Middle East

ပါလက်စတိုင်း နိုင်ငံ အစိုးရ က အစ္စရေး နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ရန် လုပ်ငန်းစဉ် များအား စတင်ဆောင်ရွက်

ပါလက်စတိုင်း နိုင်ငံသား များနှင့် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ တို့ အငြင်းပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရာမာလာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ အစိုးရ က ဝန်ကြီးအဆင့် ကော်မတီ ဖွဲ့စည်း ကာ အစ္စရေး နှင့် နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး နှင့် လုံခြုံရေး စသည့် ကဏ္ဍများ အပါအဝင် သံတမန် ဆက်ဆံရေး ဖြတ်တောက်ရန် လုပ်ငန်းစဉ် များအား တာဝန်ယူ ဆောင်ရွက်စေခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ပါလက်စတိုင်း နိုင်ငံ အစိုးရ ဖေဖော်ဝါရီ ၆ ရက်နေ့၌ ထုတ်ပြန် ခဲ့သည့် သတင်းကြေညာချက်တွင် ကော်မတီ အနေဖြင့် အစ္စရေး နိုင်ငံ နှင့် အဆက်အသွယ် ဖြတ်တောက်ရန် စတင် လေ့လာနေပြီဖြစ်ကြောင်း ၊ ပါလက်စတိုင်း အစိုးရ အနေဖြင့် ကော်မတီ အသစ် တစ်ခု ထပ်မံ ဖွဲ့စည်းကာ လက်ရှိချိန်တွင် နိုင်ငံ အတွင်း အသုံးပြုနေသည့် အစ္စရေး နိုင်ငံ ငွေစက္ကူ အား အစားထိုးရန် သို့မဟုတ် နိုင်ငံပိုင် ငွေစက္ကူ အသစ် ထုတ်ဝေရန် လေ့လာမှုများ ဆောင်ရွက်နေကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ကြေညာချက်တွင် ယခုဆောင်ရွက်မှုများသည် အစ္စရေး နိုင်ငံ မှ ပါလက်စတိုင်း အပေါ် နိုင်ငံရေး နှင့် စီးပွားရေး မှ ထိန်းချုပ်မှု တို့မှ လွတ်မြောက် နိုင်မည် ဖြစ်ကြောင်း ၊ ပါလက်စတိုင်း နိုင်ငံ ၏ အာရပ်ဒေသ နိုင်ငံများ ၊ အစ္စလာမ်ဘာသာ နိုင်ငံများ နှင့် အီးယူ စသည့် နိုင်ငံများ နှင့် ချစ်ကြည်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အထောက်အကူ ဖြစ်စေကြောင်း ပါဝင် ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုစလင် မြို့ အား အစ္စရေး နိုင်ငံ မြို့တော် အဖြစ် အသိအမှတ် ပြုခဲ့သောကြောင့် ပါလက်စတိုင်း နိုင်ငံ ၏ အပြင်းအထန် ဆန့်ကျင်မှု ကို ခံခဲ့ရကာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အစ္စရေး နိုင်ငံ နှင့် ထိတွေ့ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.