Africa & Middle East
အာဖဂန်တွင် စစ်သွေးကြွတို့က ရဲတပ်ဖွဲ့ဝင် ၁၀ဦးအား ပြန်ပေးဆွဲ

ကာလက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ် Shinkai ခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုအား နိုဝင်ဘာ ၁၈ ရက်တွင် အစိုးရဆန့်ကျင်သော စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို အမည်မသိနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်နယ်ရဲချုပ် Mohammad Mustafa Mayar ကပြောကြားခဲ့သည်။
Mayar က တာလီဘန်စစ်သွေးကြွများ သည် Shinkai ခရိုင် ရှိ လုံခြုံရေးဂိတ်တစ်ခုကို နိုဝင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပစ်ခတ်မှုများအပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ အခြားရဲတပ်ဖွဲ့ဝင် ၁၀ဦးကို အမည်မသိနေရာတစ်ခုသို့ ခေါ်ဆောင်သွားကြောင်းအတည်ပြုပြောကြားခဲ့သည်။
အသေးစိတ်အချက်အလက်များ မသိရှိရသော်လည်း တာဝန်ရှိသူက အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းပြောကြားခဲ့သည်။
တာလီဘန်တို့ဘက်မှ ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)