Connect with us

Africa & Middle East

အီရတ်တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံး


ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ Salahudin ပြည်နယ် မြို့တော် Tikrit တွင် နိုဝင်ဘာ ၁၈ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်လုံခြုံရေးအရာရှိ တစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသည့် မော်တောယာဉ်တစ်စီး သည် Tikrit မြို့ မြို့လယ်ခေါင်ရှိ စားသောက်ဆိုင်အနီးတွင် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးဒဏ်ရာရသူများတွင် အမျိုးသမီးနှင့် ကလေး ငယ်များပါဝင်ကြောင်း Salahudin ပြည်နယ် ရဲအရာရှိ Mohammed al-Jubouriက ဆင်ဟွာကို ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် အနီးတဝိုက်ရှိ အဆောက်အဦနှင့်မော်တော်ယာဉ်များလည်း ပျက်စီးမှုရှိကြောင်း ၊ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အချင်းဖြစ်ပွားရာနေရာကို ပိတ်စု့ိထားပြီး Tikrit မြို့၏လုံခြုံရေးကို တိုးမြှင့်ထားကြောင်း Mohammed al-Jubouriကဆိုသည်။

ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

Tikritမြို့သည် မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်း ၁၇၀ ကီလိုမီတာ အကွာတွင်တည်ရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လကတည်းက အစွန်းရောက် ISအဖွဲ့များ ထိန်းချုပ်ရာနေရာဖြစ်သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ၎င်းမြို့ကို အီရတ်အစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ယခုနှစ်တွင် Tikritမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှု အလွန်နည်းသွားကြောင်း သိရသည်။

IS ချေမှုန်းမှုတွင် သမိုင်းဝင် အောင်မြင်မှုရရှိကြောင်း အီရတ်က ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သော်လည်း ဝေးလံသည့်ဒေသများတွင် အစွန်းရောက်အချို့ရှိနေဆဲဖြစ်ပြီး အခွင့်သာလျှင်သာသလို တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။ လက်ရှိ အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့ဝင် ၂ သောင်းကျော် ရှိနေကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာတစ်ခုမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.