Connect with us

Africa & Middle East

နိုင်ငံတကာ မဟာမိတ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအရပ်သား အနည်းဆုံး ၄၀ သေဆုံး

ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်သည် နိုဝင်ဘာ ၁၇ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သား အနည်းဆုံး ၄၀ သေဆုံးခဲ့ကြောင်း SANAသတင်း အေဂျင်စီက ယင်းနေ့တွင်ပြောကြားခဲ့သည်။

နိုင်ငံတကာမဟာမိတ်တပ်များ၏တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zourပြည်နယ် ဟာဂျင်မြို့အနီးရှိ ကျေးရွာများကို အပြင်းအထန်တိုက်ခိုက်ခဲ့ရာ အရပ်သားအနည်းဆုံး ၄၀ သေဆုံးပြီး ဒဏ်ရာရသူအများအပြားမှာလည်း အပျက်အဆီးများတွင် ပိတ်မိနေကြောင်း ၊ အခင်းဖြစ်ပွားသည့်နေရာကို ကယ်ဆယ်ရေးသမားများ သွားရောက်ရန် အခက်အခဲရှိသောကြောင့် သေဆုံးသူဦးရေတိုးလာနိုင်ဖွယ်ရှိကြောင်းသိရသည်။

နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်သောလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၃ ဦးသေဆုံးကြောင်း ၊ သေဆုံးသူ များတွင် အမျိုးသမီးနှင့်ကလေးငယ် ၂၉ ဦးပါဝင်ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့၏ သတင်းများအရသိရသည်။Kurdistan အလုပ်သမား ပါတီ လက်နက်ကိုင် တပ်ဖွဲ့သည် IS အစွန်းရောက်အဖွဲ့ ထိန်းချုပ်ထားသည့် နောက်ဆုံးနယ်မြေအား တိုက်ခိုက်မှုများထပ်မံပြုလုပ်ရာ အခြားစစ်ရေးလှုပ်ရှားမှုများကို အထောက်အပံ့ပြုနိုင်ရန် နိုင်ငံတကာမဟာမိတ်တပ်က ၎င်းဒေသအား လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ရက်သတ္တပတ်ကလည်း ၎င်းဒေသရှိ Deir al-Zourပြည်နယ် ဟာဂျင်၊ ဆာဖာမြို့အနီးရှိ လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး အရပ်သား ၁၀၀ သေဆုံးခဲ့ကြောင်းသိရသည်။ ဆီးရီးယား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ မဟာမိတ် တပ်၏ ပြစ်မှုများကို သီးသန့်စစ်ဆေးပေးရန် ကုလသမဂ္ဂသို့ စာတစ်ဆောင်ပေးပို့ထား ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်လမှစ၍ အမေရိကန်သည် အီရတ်နယ်နမိတ်အတွင်းရှိ ISများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းနှစ် စက်တင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုများကို ဆီးရီးယား နယ်နိမိတ်အတွင်းထိလုပ်ဆောင်ခဲ့ပြီး ISတိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဆီးရီးယားအစိုးရက ထိုသို့ဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂ၏ သဘော တူညီချက်ကို ရယူခြင်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ် များ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားသေဆုံး ဒဏ်ရာရ သည့်အတွက် ဝေဖန် အပြစ်တင်လျက်ရှိကြောင်း သိရသည်။ (Xinhua)