Connect with us

Africa & Middle East

နိုင်ဂျာတွင် ဦးနှောက်အမြှေးရောင် ရောဂါကြောင့် သေဆုံးသူ ၇၆ ဦးရှိ

ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံနေစဉ် (ဓာတ်ပုံ- အင်တာနက်)

နီယာမေ ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက် အနောက်ပိုင်း နိုင်ဂျာနိုင်ငံတွင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားလျက်ရှိရာ ယခုနှစ် ဇန်နဝါ ရီလမှစ၍ ၇၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သတင်းရင်းမြစ်ကပင် ထိုရောဂါမှာ အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ်များ၌ အများဆုံး ကူးစက်ခဲ့ပြီး မြို့တော် နီယာမေ (Niammey) တွင် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိကြောင်း ပြောကြားခဲ့သည်။

ထိုရောဂါ တိုက်ဖျက်ရေးအတွက် ဇန်နဝါရီလကတည်းက လုပ်ဆောင်ခဲ့သလို ဦးနှောက်အမြှေးရောက် ရောဂါ သံသယရှိသည့် မည်သူ့ကိုမဆို ဆေးတိုက်ကျွေးနိုင်ရန်အတွက် အစိုးရက နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့ ဆေးဖြန့်ချိပေးခဲ့ကြောင်း သိရသည်။

ရောဂါကာကွယ်ရေး လှုံဆော်မှုများအား လုပ်ဆောင်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လူ ၁၃၂,၀၀၀ ဦးအား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။

နိုင်ဂျာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ လူပေါင်း ၈၅၀၀ ဦးမှာ ဦးနှောက်အမြှေးရောင် ရောဂါ ကူးစက်ခံရကြောင်း ရှာဖွေတွေ့ရှိခဲ့သည့်အနက် ၅၇၃ ဦးသေဆုံးခဲ့သည်။

ဦးနှောက်အမြှေးရောင်ရောဂါသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများ ဝင်ရောက်ခြင်းကြောင့် ဦးနှောက် အမြှေးပါးများ ရောင်ရမ်းလာခြင်း ဖြစ်ပြီး ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်း၊ အလင်းစူးခြင်း၊ ကြွက် သားများ တောင့်တင်းခြင်း၊ အဖျားကြီးခြင်းကြောင့် တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့် အသက်သေ ဆုံးခြင်းများအထိ ဖြစ်နိုင်သည်။ (Xinhua)