ရီဟာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေနံဈေးကွက်များ တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားသမ္မတ Vladimir Putinနှင့် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saudတို့သည် ဖေဖော်ဝါရီ ၁၉ ရက်က ဆွေးနွေးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီများက ဖော်ပြသော သတင်းများအရ သိရသည်။
ကူဝိတ် ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားနိုင်ငံ တွင် လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၉.၄၄ သန်း (ကူဝိတ်ငွေ ၁၁.၆ သန်း) ကို ချေးရန်သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
နီယာမေ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဘိုကိုဟာရမ် အစွန်းရောက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံရရာ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦး သည် အီရတ်နိုင်ငံ၏ အရှေ့ဘက် Diyala ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးခဲ့ကြောင်း ၎င်းဒေသ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးကပြောသည်။
ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ရှိ မိုင်းတွင်း ၂ခု၏ တူးမြောင်းများ နှင့် လှိုဏ်ခေါင်းများ၌ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
လူဆာကာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇမ်ဘီးယားနိုင်ငံ Nchelenge ခရိုင် ရှိ ရေကန်တစ်ခုတွင် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်ကဖော်ပြခဲ့သည်။
လူဆာကာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရာဇဝတ်မှုများကျူးလွန်မှုဖြင့် သတင်းကျော်စောနေသော လေတပ်အကြီးအကဲဟောင်းကို ဇမ်ဘီယာ လုံခြုံရေး အေဂျင်စီများက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
နီယာမေ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အနောက်ပိုင်း Dosso ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် အမည်မသိလက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဘူဂျာ ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ တောင်ပိုင်း Rivers ပြည်နယ်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ အတွင်း လူအုပ်စုလိုက် အလန့်တကြား ပြေးလွှားမှု တစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅ ဦး...
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် မြို့တော် ရီယာ့ဒ်မြို့အတွက် အမေရိကန်ဒေါ်လာ ၈၈.၈ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဖေဖော်ဝါရီ ၁၃ ရက်က ဆောင်ရွက်နေပြီဖြစ်ကြောင်း Al Arabiya TV ကဖော်ပြခဲ့သည်။