Connect with us

Africa & Middle East

ဘာကီးနားဖာဆိုနိုင်ငံရှိ ကျေးရွာနှစ်ရွာတိုက်ခိုက်ခံရမှုကြောင့် ရွာသူရွာသား ၁၀၀ ကျော် သေဆုံး

ဘာကီးနားဖာဆိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လိုမီ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဘာကီးနားဖာဆိုနိုင်ငံ သတင်းမီဒီယာ၏ ဇွန် ၅ ရက်ဖော်ပြချက်အရ နိုင်ငံမြောက်ပိုင်း Sahel ဒေသအတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဇွန် ၄ ရက်ညပိုင်းက အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရွာသူရွာသားပေါင်း ၁၀၀ ကျော်သေဆုံးသွားခဲ့ရကြောင်း ၊ ဇွန် ၅ ရက်မှစတင်၍ ဘာကီးနားဖာဆိုနိုင်ငံ တစ်နိုင်ငံလုံးတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။သတင်းဖော်ပြချက်အရ ဇွန် ၄ ရက်ညပိုင်းအချိန်တွင် အကြမ်းဖက်သမားများသည် Sahel ဒေသကြီး Yagha ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် လူနေအိမ်များအား ပစ်ခတ်မှုပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁၀၀ ခန့် သေဆုံးသွားခဲ့ပြီး လူနေအိမ် နှင့် ဈေးဆိုင်အများအပြားမှာလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ၊ ဘာကီးနားဖာဆိုနိုင်ငံ အစိုးရ က သေဆုံးသူဦးရေမှာ ဆက်လက်၍ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန် ၄ ရက်ညပိုင်းအချိန်တွင် Sahel ဒေသကြီး Oudalan ပြည်နယ်ရှိ ကျေးရွာတစ်ရွာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဘာကီးနားဖားဆိုနိုင်ငံသမ္မတ Roch Marc Christian Kaboré က သေဆုံးသွားသူများအတွက် ဇွန် ၅ ရက် မှ ၇ ရက်အထိ တစ်နိုင်ငံလုံးတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ်မှစတင်၍ ဘာကီးနားဖာဆိုနိုင်ငံ တွင် တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားခဲ့ရာ လုံးခြုံရေးအခြေအနေ မှာလည်း ဆိုးရွားလာခဲ့သည်။ ဘာကီးနားဖာဆိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လတ်တလောနှစ်ပိုင်းတွင် အတိုင်းအတာကြီးမားသည့် အကြမ်းဖက်နှိမ်နင်းရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သော်လည်း အကြမ်းဖက်မှုများသည် ဘာကီးနားဖားဆိုနိုင်ငံ အရှေ့ပိုင်း နှင့် မြောက်ပိုင်းဒေသများတွင် မကြာခဏ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————–
( Chinese Version)

(国际)布基纳法索两村庄遭袭致100多名平民死亡

新华社洛美6月5日电(记者田耘)瓦加杜古消息:据布基纳法索通讯社5日报道,布基纳法索北部萨赫勒大区两个村庄4日晚遭到恐怖分子袭击,造成100多名平民死亡。从5日起,布基纳法索全国将为死难者哀悼三天。

报道说,4日晚,恐怖分子闯进萨赫勒大区亚加省一村庄,肆意对民宅开火,造成约100名平民丧生,多处住宅和市场被烧毁。布基纳法索政府说,死亡人数可能会进一步上升。

一伙不明身份的武装分子当晚还袭击了萨赫勒大区乌达兰省一村庄,13名平民被杀。
布基纳法索总统卡博雷5日宣布,为悼念死难者,5日至7日举行全国哀悼活动。
2015年以来,布基纳法索袭击事件频发,安全形势严峻。尽管布基纳法索安全部队近来进行了多轮大规模反恐行动,但恐怖袭击事件在该国东部和北部地区仍频繁发生。(完)

Photo
布基纳法索安全部队在巡逻。(图片-中国军网)