Connect with us

Africa & Middle East

အီဂျစ်၏ညှိနှိုင်းမှုဖြင့် ဟာမက်စ်အဖွဲ့က အစ္စရေးနှင့် သုံ့ပန်းလဲလှယ်ရေး တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်လို

ပေကျင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ဟာမက်စ်အဖွဲ့က အစ္စရေးနှင့် သုံ့ပန်းလဲလှယ်၍ တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့(ဟာမက်စ်)ခေါင်းဆောင် Yahya Sinwarက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။Yahya Sinwarသည် ယင်းနေ့က ဂါဇာကမ်းမြောင်သို့ လာရောက်သည့် အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ Abbas Kamelနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း အစ္စရေးနှင့်သုံ့ပန်းလဲလှယ်ရေးသဘောတူညီချက်အပေါ် အကောင်းမြင်ခဲ့ခြင်း ဖြစ်သည်။

ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း Nablusမြို့အနီးတွင် ပါလက်စတိုင်း ဆန္ဒပြသူများက အစ္စရေး စစ်သားများအား ကျောက်ခဲ့ဖြင့် ပစ်ပေါက်နေကြသည်ကို မေ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“အခု ကျွန်တော်တို့မှာ ဒီကိစ္စကို တွန်းအားပေးဆောင်ရွက်ဖို့ အမှန်တကယ် အခွင့်အလမ်းရှိနေတယ်။ ဒီကိစ္စပြီးစီးအောင် ဆွေးနွေးမှုတွေကို တစ်ဆင့်ခံ အမြန်ဆုံးဆောင်ရွက်သွားလိုတယ်”ဟု Yahya Sinwarက ပြောသည်။

Yahya Sinwarနှင့်Abbas Kamelတို့တွေ့ဆုံမှုတွင် ရေရှည်အပစ်ခတ်ရပ်စဲရေး၊ သုံ့ပန်းလဲလှယ်ရေးနှင့် ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေးစသည့် ကဏ္ဍသုံးရပ်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် ဟာမက်စ်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။

ပြန်လည်တည်ဆောက်ရေးနှင့် သုံ့ပန်းလဲလှယ်မှုကို တစ်ချိန်တည်းဆောင်ရွက်ရန် ဟာမက်စ်က မငြင်းပယ်သော်လည်း ယင်းလုပ်ငန်းနှစ်ခုကို ချိတ်ဆက်မည်ဆိုလျှင် အားလုံးကို ငြင်းဆိုရလိမ့်မည်ဟု အဆိုပါအရာရှိက ဆိုသည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးကို ကူညီလိုကြောင်း ၊ သို့သော်လည်း ဟာမက်စ်အနေဖြင့် ထိန်းသိမ်းထားသည့် အစ္စရေးပြည်သူနှင့်စစ်သားများ၏ ရုပ်အလောင်းကို ပြန်ပေးရမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantzက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

သတင်းများအရ ဟာမက်စ်အဖွဲ့က စစ်ပွဲတွင် ကျဆုံးသွားသည့် အစ္စရေး စစ်သား (၂)ဦးနှင့် အစ္စရေးပြည်သူ (၂)ဦး၏ ရုပ်အလောင်းကို ထိန်းသိမ်းထားပြီး အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား (၅,၀၀၀)ကျော်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

အစ္စရေးနှင့် ဂါဇာကမ်းမြောင်လက်နက်ကိုင်အဖွဲ့သည် မေ ၁၀ ရက်မှစ၍ ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ အထူးဂရုပြုစောင့်ကြည့်မှုကို ခံခဲ့ရသည်။ အီဂျစ်၏ညှိနှိုင်းပေးမှုဖြင့် ဟာမက်စ်နှင့် အစ္စရေးအကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး မေ ၂၁ ရက် ၂ နာရီမှစ၍ တရားဝင်အပစ်ရပ်ခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ပိုမိုခိုင်မာစေရန်အတွက် လက်ရှိတွင် အီဂျစ်က ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————————
(Chinese Version)

埃及斡旋 哈马斯愿与以色列就换俘举行间接谈判

新华社北京6月1日电(记者王宏彬)巴勒斯坦伊斯兰抵抗运动(哈马斯)领导人叶海亚•辛瓦尔5月31日说,哈马斯愿意与以色列就交换俘虏举行间接谈判。

辛瓦尔当天与访问加沙地带的埃及情报总局局长阿巴斯•卡迈勒会谈后对与以色列达成换俘协议表达乐观。
辛瓦尔说:“现在我们确实有机会把事情向前推进。我们愿意展开间接、急迫且快速的谈判,以了结这桩事。”
一名不愿公开姓名的哈马斯官员告诉法新社,辛瓦尔与卡迈勒的会谈主要围绕三点:长期停火、交换俘虏和重建加沙。
这名官员说,哈马斯不反对同时推进重建和换俘,“但我们一概反对将两者挂钩”。

以色列国防部长本尼•甘茨5月31日说,以色列愿意帮助重建加沙地带,但条件是哈马斯必须交还扣押的以色列公民和士兵遗体。
哈马斯据信扣押两名战死的以色列士兵遗体和两名以色列公民。以色列方面则关押超过5000名巴勒斯坦囚犯。

以色列与加沙地带武装组织5月10日起爆发严重冲突,引发国际社会严重关切。在埃及斡旋下,哈马斯与以色列达成停火协议,当地时间5月21日2时正式停火。埃及目前还在斡旋,希望巩固巴以停火协议。

图说1: 5月30日,在埃及首都开罗,埃及外交部长舒凯里(右)会见以色列外交部长阿什克纳齐,双方讨论了巩固巴以停火的措施,同意加强协调,以推动中东和平进程。(新华社发)
图说2:5月17日,巴勒斯坦抗议者在约旦河西岸城市纳布卢斯附近向以色列士兵投掷石块。(新华社发,尼达勒摄)