Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၈၈ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဆွေမျိုးသားချင်းများနှင့်မိတ်ဆွေအပေါင်းအသင်းများ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

လာဂိုစ့်၊ ဇွန် ၆ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ကပ်ဘီ (Kebbi)တွင် ဓားပြများ၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဇွန် ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။လက်နက်ကိုင် ဓားပြများက ဒေသဆိုင်ရာအစိုးရအုပ်ချုပ်မှုနယ်မြေ Danko-Wasagu အတွင်းရှိ မတူကွဲပြားသော လူမှုအသိုက်အဝန်း ၈ ခုတွင် ဗရမ်းပတာ အကြမ်းဖက်တိုက်ခိုက်များ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Nafi’u Abubakar က ပြည်နယ်မြို့တော် ဘာနင်ကပ်ဘီမြို့ (Birnin Kebbi) ၌ သတင်းထောက်များအားပြောကြားခဲ့သည်။

“အစပိုင်းက ရုပ်အလောင်း ၆၆ ခုကို ရှာဖွေတွေ့ရှိခဲ့တယ် ၊ ဒါပေမယ့် အခု ခင်ဗျားတို့ကို ကျွန်တော်ပြောပြချင်တာက ရုပ်အလောင်းစုစုပေါင်း ၈၈ လောင်းထိ ရှာတွေ့ထားပြီးဖြစ်ပါတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Abubakar က ဆိုသည်။

နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားအောင် ယင်းဒေသအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့် တပ်ချထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သော ဧပြီလက Kebbi ပြည်နယ်တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုတစ်ခုကို ခုခံတားဆီးရန်ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ဝင် ၉ ဦး နှင့် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

————————————————–
(English Version)

Gunmen kill at least 88 in attacks in NW Nigeria

LAGOS, June 6 (Xinhua) — At least 88 people were killed and scores of others wounded following attacks by bandits in Nigeria’s northwestern state of Kebbi, local police confirmed on Saturday.

The bandits unleashed terror on eight different communities in the Danko-Wasagu local government area of the state on Thursday, Nafi’u Abubakar, the state police spokesperson told reporters in Birnin Kebbi, the state capital.

“Initially, the bodies recovered were 66 but as I am talking to you now, about 88 bodies have been recovered,” Abubakar said.
Security operatives were deployed to the communities to forestall further attacks, he said.

In late April, nine policemen and two members of a civilian defense group in Kebbi were killed while repelling an attack by gunmen. Enditem

Phto – Relatives and friends carry the coffin of Nemat Rawan, a media official, who was shot dead by gunmen in Kandahar, Afghanistan, May 6, 2021.

Photo – More than 88people have been killed in what the Nigerian president has described as an “insane” attack in country on Saturday.