ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။
တူနီးရှား ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) တူနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ စိတ်ချ လုံခြုံမှု မရှိသေးကြောင်း သမ္မတ Beji Caid Essebsi က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အာဖဂန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Afghlan Baghlanပြည်နယ် မြောက်ပိုင်း Baghlan-e-Markazi ခရိုင်အတွင်း ဇန်နဝါရီ ၁၄ ရက်က မောင်းသူမဲလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် အဓိက တပ်မှူး Qari Assadullahအပါအဝင် စစ်သွေးကြွ ၈ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသ စစ်တပ်၏...
အဘူဂျာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Ekiti ပြည်နယ် ရှိ လူစည်ကားရာဈေးတစ်ခုအတွင်းသို့ ကုန်တင်ကားတစ်စီးဝင်တိုက်မိရာ လူ ၁၄ဦးသေဆုံးကြောင်း နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်တွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၄ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ ဘုရင် Abdullah IIနှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisiတို့သည် ဇန်နဝါရီ ၁၃ ရက် တွင် ဂျော်ဒန်နိုင်ငံအာမန်မြို့၌ တွေ့ဆုံဆွေးစဉ် ပါလက်စတိုင်း ပြည်သူများ၏တရားဝင် အခွင့်အရေးကို ကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အာရပ်အဖွဲ့ချုပ် (League of Arab States)တွင် ဆီးရီးယားနိုင်ငံပြန်လည်ပါဝင်ရန် အီရတ်နိုင်ငံ အနေဖြင့် ထောက်ခံကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakim က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အဘူဒါဘီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ယူအေအီးနိုင်ငံ အိမ်ရှေ့မင်းသား ရှိတ် မိုဟာမက် ဘင် ဇေယတ် အယ်လ်-နာယန် (Shrikh Mohammed bin Zayed Al-Nahyan) သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) နှင့် ဇန်နဝါရီလ ၁၂ ရက်က...
ကဘူးလ်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Kandaharပြည်နယ်နှင့် Herat ပြည်နယ်တွင် ဇန်နဝါရီ ၁၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သား စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့အပြင် လက်နက်ကိုင် ၁၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း...
လိုမေ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာ့ကီးနား ဖာဆို နိုင်ငံ လုံခြုံရေး ဌာန ၏ ဇန်နဝါရီ ၁၁ ရက် ညပိုင်း ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ နိုင်ငံမြောက်ပိုင်း Soum ပြည်နယ် ရှိ ကျေးရွာ တစ်ခု ၌...
ဒမတ်စကက်စ် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ လေကြောင်းရန် ကာကွယ်ရေးစနစ်က ဒမတ်စကက်စ်မြို့တော် အနောက်ဘက်ခြမ်းသို့ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ဦးတည်ပစ်လွှတ်လိုက်သည့် အစ္စရေးနိုင်ငံမှ ဟု ယူဆရသည့် ဒုံးကျည်များကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံလိုင်းက သတင်းဖော်ပြခဲ့သည်။