Connect with us

Africa & Middle East

ကူဝိတ်နိုင်ငံက ဒီဇင်ဘာ ၇ ရက်မှစ၍ နိုင်ငံခြားအိမ်အကူလုပ်သားများကို ပြည်ဝင်ခွင့်ပြုမည်

ကူဝိတ်နိုင်ငံ လေကြောင်းပျံသန်းရေးအေဂျင်စီ (DGCA)၏ ညွှန်ကြားရေးမှူးချုပ် Yousef Al-Fawzan (အလယ်) က နိုင်ငံခြားအိမ်အကူများ ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ဖြေကြားနေစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကူဝိတ်နိုင်ငံက နိုင်ငံခြား အိမ်အကူလုပ်သားများကို ပြန်လည်ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်အား မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း ကူဝိတ်နိုင်ငံလေကြောင်းပျံသန်းရေးအေဂျင်စီ(DGCA) ညွှန်ကြားရေးမှူးချုပ်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအစီအစဉ်ပထမပိုင်းအနေဖြင့် ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ အိန္ဒိယ နှင့် ဖိလစ်ပိုင် တို့မှ အိမ်အကူများကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။ နိုင်ငံခြား အိမ်အကူလုပ်သားများအားလုံးအနေဖြင့် ကူဝိတ်နိုင်ငံအတွင်း ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် မဖြစ်မနေ သီးခြားခွဲနေထိုင်မှု(q) နှစ်ပတ်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကူဝိတ်နိုင်ငံအစိုးရသည် ပြီးခဲ့သော နိုဝင်ဘာလက နိုင်ငံခြား အိမ်အကူများကို ပြည်တွင်း ပြန်လည် ဝင်ရောက်ခွင့် ပြုရန် ဆုံးဖြတ်ခဲ့ပြီး ၊ အဆိုပါ အိမ်အကူများ နိုင်ငံအတွင်း ဝင်ရောက်လာစဉ် သီးခြားခွဲနေထိုင်မှု(q) အသုံးစရိတ်အတွက် ကူဝိတ်ငွေ ၂၇၀ ဒိုင်နာ ( အမေရိကန်ဒေါ်လာ ၈၈၅ ဒေါ်လာ) ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လက ကူဝိတ်နိုင်ငံသည် အိန္ဒိယ ၊ ဖိလစ်ပိုင် နှင့် သီရိလင်္ကာနိုင်ငံများသို့ လေကြောင်းပျံသန်းမှုများ ရပ်ဆိုင်းလိုက်သဖြင့် နိုင်ငံအတွင်း အိမ်အကူမလုံလောက်သည့် ပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ကူဝိတ်နိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်က COVID-19 လူနာသစ် ၃၅၇ ဦး နှင့် သေဆုံးသူ တစ်ဦးရှိခဲ့ရာ လက်ရှိအချိန်ထိ နိုင်ငံအတွင်း စုစုပေါင်း ကူးစက်ခံရသူ ၁၄၂,၉၉၂ ဦး နှင့် သေဆုံးသူ ၈၈၁ ဦး အသီးသီးရှိကြောင်း သိရသည်။

ကူဝိတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် COVID-19 ရောဂါ သက်သာပျောက်ကင်းသူ ၅၅၄ ဦးရှိကြောင်း ထပ်မံကြေညာခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း ပြန်လည်သက်သာကောင်းမွန်သွားသူ ၁၃၇,၆၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.