Connect with us

Africa & Middle East

အီရန်နိုင်ငံ ထိပ်တန်း နျူကလီးယား သိပ္ပံပညာရှင် မြို့တော်အနီးတွင် လုပ်ကြံခံရ

အီရန်နိုင်ငံ တောင်ပိုင်း Bushehr မြို့ရှိ Bushehr နျူကလီးယားဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် တည်ဆောက်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီရန်နိုင်ငံရှိ အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhri Zadeh သည် မြို့တော် တီဟီရန်အနီးတွင် နိုဝင်ဘာ ၂၇ ရက်က “လက်နက်ကိုင် အကြမ်းဖက်သမားများ” ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အီရန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ နျူကလီးယားအစီအစဉ် အကြီးအကဲ Fakhri Zadeh သည် တီဟီရန်မြို့မှ အရှေ့မြောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ Absard ကျေးရွာတွင် မွန်းလွဲပိုင်းက တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ သိပ္ပံပညာရှင်၏ မော်တော်ယာဉ်သည် ကျေးရွာလမ်းတစ်နေရာတွင် မောင်းနှင်နေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူများစွာ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

Fakhri Zadeh သည် တိုက်ခိုက်မှုအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းအား အသက်ကယ်တင်နိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117