Connect with us

Africa & Middle East

နျူကလီးယား ဘက်စုံသဘောတူညီချက်ကို အသစ်တစ်ဖန် ပြန်လည်ဆွေးနွေးရန် အီရန် ငြင်းဆို

အီရန်နိုင်ငံ Tonekabonမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူတစ်ဦးအား ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက်သည် မှတ်ကျောက်တိုင်ဖြစ်ရာ အသစ်တစ်ဖန်ပြန်လည် ဆွေးနွေးရန် လက်ခံမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Said Khatibzadက ဒီဇင်ဘာ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်များက အီရန်နျူကလီးယားသဘောတူညီချက်နှင့်စပ်လျဉ်းသည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ၏ပြောကြားခဲ့သည့် သဘောထားအပေါ် Khatibzadက ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆင့်မြှင့်တင်ထားသည့် အီရန်နျူကလီးယားသတောတူညီချက်တစ်ရပ် ရရှိရန်လိုအပ်ပြီး ထိုမှတစ်ဆင့် ၎င်း၏ပဲ့ထိန်းဒုံးကျည်အစီအစဉ် ကန့်သတ်မှုများ ပို၍လုပ်ဆောင်ရန် လိုအပ်ကြောင်း Heiko Maasက ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

နျူကလီးယားသဘောတူညီချက်အပေါ် အီရန်၏ ရပ်တည်ချက်က ပြောင်းလဲမှုမရှိခိုင်မာကြောင်း Khatibzadက သတင်းမီဒီယာများ၏ မေးမြန်ချက်ကို ပြန်လည်ပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်သည် ဘက်ပေါင်းစုံ ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုးထားခြင်း ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၂၃၁ ဖြင့် စိစစ်ခွင့်ပြုထားခြင်းဖြစ်ရာ ယင်းသဘောတူညီချက်သည် လျော့နည်းသည့် ချုပ်ထိန်းချည်နှောင်မှု မရှိကြောင်း ဆိုသည်။ အချို့ဥရောပနိုင်ငံများက ယင်းသဘောတူညီချက်အပေါ် လိုက်နာစောင့်ထိန်းမှုမရှိခြင်းအား ရပ်တန့်ဖို့ ၎င်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် ၊ ဂျာမနီ နိုင်ငံတို့နှင့် အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက်အား ချုပ်ဆိုခဲ့သည်။ သဘောတူညီချက်အရ အီရန်က ၎င်း၏နျူကလီးယားအစီအစဉ်များကို ကန့်သတ်ဆောင်ရွက်ရန် ကတိပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုကို ဖျက်သိမ်းပေးရမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံ သည် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့များနှင့် အသစ်ထပ်တိုးပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ခဲ့သည်။
အီရန်နိုင်ငံက ပြီးခဲ့သည့်နှစ် မေလမှစ၍ သဘောတူညီချက်ပါ အကြောင်းအရာအချို့၏ လိုက်နာမှုကို တစ်ဆင့်ခြင်း ရပ်ဆိုင်းခဲ့သော်လည်း ထိုလုပ်ဆောင်ချက်များကို ပြန်လည်ပြောင်းလဲပေးနိုင်သည်ဟုလည်း ကတိပြုပြောကြားခဲ့ကြောင်း သိရှိရသည်။ (Xinhua) 

#Iran, #Nuclear, #Agreement, #Xinhua, #အီရန်, #နျူကလီးယား သဘောတူညီချက်, #ဆင်ဟွာ

———————-

(Chinese Version)

伊朗反对就伊核问题全面协议重新谈判

  新华社德黑兰12月7日电(记者夏晨)伊朗外交部发言人赛义德·哈提卜扎德7日在例行记者会上表示,伊朗核问题全面协议具有里程碑意义,伊朗反对就其重新进行谈判。

  哈提卜扎德是针对德国外交部长马斯日前就伊核协议的相关表态做出这一回应的。据报道,马斯表示,需达成一项升级版的伊核协议,进而对伊朗弹道导弹计划也加以限制。

  哈提卜扎德在回答媒体记者提问时说,伊朗对伊核协议的立场是坚定不变的。该协议经各方谈判签署,经联合国安理会第2231号决议核可,具有不可“减弱”的“约束力”。他敦促部分欧洲国家结束不遵守该协议的情况。

  2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。美国政府2018年5月单方面退出伊核协议,随后重启并新增一系列对伊制裁措施。伊朗去年5月以来逐步中止履行协议部分条款,但承诺所采取措施“可逆”。(完)

  (图说)12月6日,市民佩戴口罩在伊朗通卡邦街头出行。新华社发(艾哈迈德·哈拉比萨斯摄)