Connect with us

Africa & Middle East

ပုံမှန်ဘဝ ပြန်ရရန် ဆုတောင်းနေကြသော ယီမင်ရှိ မသန်စွမ်းပြည်သူများ

လေကြောင်းတိုက်ခတ်မှုတစ်ခုအတွင်း ညာခြေထောက်ဆုံးရှုံးသွားရသည့် ယီမင်ကလေးငယ် တစ်ဦး ဆန်နာမြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတွင် ခြေတုတပ်ဆင်ရန် စောင့်ဆိုင်းနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်နာ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အသက် ၇ နှစ် အရွယ် ယီမင်လူငယ်လေး Ammar Saleh သည် လွန်ခဲ့သော ၁၀ လကျော်ကြာက လေကြောင်းတိုက်ခတ်မှုတစ်ခုအတွင်း ၎င်း၏ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီးနောက် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် လမ်းပြန်လျှောက်နိုင်ရန် မျှော်လင့်နေခဲ့သည်။

ယီမင်နိုင်ငံ မြောက်ပိုင်း တောင်ထူထပ်သည့် ပြည်နယ်တစ်ခုဖြစ်သော Jwaf ပြည်နယ်တွင် တည်ရှိသည့် ၎င်း၏ နေအိမ်သည် လေယာဉ်ပေါ်မှာ ကျဲချသော ဗုံးများထိမှန်ခဲ့ပြီး နောက် ၎င်း၏ မိခင် ၊ အစ်ကို နှစ်ဦး နှင့် အစ်မ/ညီမသုံးဦး အသက်သေဆုံးခဲ့ရသည်။

ဟူတီများ ထိန်းချုပ်ထားရာ ဆန်နာမြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုတွင် Ammar အတွက် ခြေနှစ်ဖက်ဖြင့် လမ်းပြန်လျှောက်နိုင်ရန် ဆရာဝန်များက သူ့အတွက် ခြေတုတပ်ဆင်ခြင်းကို ကြိုးပမ်း လုပ်ဆောင်ပေးခဲ့သည်။

ယင်းပြန်လည်ထူထောင်ရေးစင်တာသို့ Ammar အား ခေါ်ဆောင်လာပေးသည့် ဦးလေးတော်စပ်သူ Ali Muhammad က “ စစ်လေယာဉ်တစ်စင်းဟာ နံနက် ၂ နာရီလောက်မှာ ကျွန်တော်တို့ ရွာပေါ်ဖြတ်ကျော်ပျံသန်းပြီး ဗုံးတွေကျဲချခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ရွာမှာရှိတဲ့ မိသားစုသုံးခု ဗုံးဒဏ်သင့်ပြီး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ Ammar ရဲ့မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်” ဟု ဆိုသည်။

Ammar သည် သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ မိသားစုဝင်အများအပြားမှာမူ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရပြီး သူ၏နေအိမ်မှာလည်း လုံးဝပျက်စီးသွားခဲ့ရကြောင်း Muhammad က ရှင်းပြခဲ့သည်။

“ Ammar ဟာ ဗုံးဆံထိမှန်ပြီး လက်တွေနဲ့မျက်လုံးတွေမှာ ဒဏ်ရာရခဲ့တယ်။ ပြီးတော့ ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်” ဟု ဦးလေးဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

ယီမင်နိုင်ငံတွင် ၆နှစ် ကြာဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း လူပေါင်း ၂၃၀,၀၀၀ ကျော်အသက် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများသည် ၎င်းတို့၏ နေ့စဉ်လူမှုဘဝကို အထောက်အကူပြုနိုင်ရန် ခြေတုလက်တုများ လိုအပ်လျက်ရှိနေကြသည်။

ယင်းစစ်ပွဲသည် အဆုံးသတ်ရန် အရိပ်အယောင်မရှိသေးသဖြင့် နောက်ထပ်လူပေါင်းများစွာကို စစ်၏ သာကောင်းများအဖြစ်သို့ ရောက်ရှိစေရန် တွန်းပို့နေသည်။ သို့သော် နေ့စဉ် တိုးများလာနေသော ခြေတုလက်တု လိုအပ်သူဦးရေများနှင့်အတူ နိုင်ငံ၏ ကျန်းမာရေးစနစ်သည်လည်း လဲပြိုကျနေပြီး ဖြစ်ရာ နိုင်ငံအတွင်း လူပေါင်းများစွာကို တစ်သက်လုံး မသန်စွမ်းဒုက္ခိတများအဖြစ် ရောက်ရှိစေတော့မည်ဖြစ်သည်။

ပြန်လည်ထူထောင်ရေးစင်တာတွင် နည်းပညာဌာနအကြီးအကဲဖြစ်တာဝန်ယူထားသည့် Mohammed Jayash က စင်တာကို နေ့စဉ်နေ့တိုင်း မသန်စွမ်းများ ပို၍ပို၍ ရောက်ရှိလာနေကြောင်း ၊ အဆိုပါ မသန်စွမ်းများအတွက် ခြေတုလက်တုများ ပိုမိုထုတ်လုပ်တပ်ဆင်ပေးနိုင်ရန် စင်တာအနေဖြင့် အလုပ်ချိန်ကို တိုးမြှင့်ထားရကြောင်း ဆိုသည်။

“ ပညာရှင်တစ်ဦးက တစ်ရက်ကို ခြေတုလက်တု တစ်ခုသို့မဟုတ်နှစ်ခု နေ့တိုင်း တပ်ဆင်ပေးနေရတယ် ဒါပေမယ့် အခုအခါမှာ တစ်ရက်ကို ၆ ခု ဒါမှမဟုတ် ၇ ခုထိ တပ်ဆင်ပေးနေရတယ် ၊ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာကုသရေးဆောင်မှာ ဆရာဝန်တစ်ယောက်ဟာ နေ့စဉ်လူနာ ၁၅ ယောက်လောက်ကို ကြည့်ရှုကုသပေးနေရတယ်” ဟု Jayash က ရှင်းပြသည်။
ယင်းစင်တာအတွက်လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ထောက်ပံ့ပေးလျက်ရှိသည်။ သို့သော် ထောက်ပံ့ရေးအစီအစဉ်သည် အမြဲပြေးလွှာနေရပြီး နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် လာမည့်နှစ်တွင် ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ပေးနိုင်ရန် စင်တာက မျှော်လင့်နေရသည်။

ဆရာဝန်များ နှင့် ပညာရှင်များက သူ့ “ညာခြေထောက်သစ်” အတွက် တပ်ဆင်မှုပြုလုပ်ပေးပြီးနောက်တွင် လူငယ်လေး Ammar၏ မျက်နှာသည် အပြုံးတစ်ပွင့် ပွင့်လန်းခဲ့သည်။

ခြေတုလက်တုတပ်ဆင်ရေး နည်းပညာရှင်အဖွဲ့ အကြီးအကဲ Jayash က Ammar အနေဖြင့် သင့်လျော်သည့် လေ့ကျင်းခန်းများပြုလုပ်ပြီးနောက်တွင် ၎င်း၏ ပုံမှန်ဘဝ အဆင့်တစ်ခုသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်နိုင်ကြောင်း ဆိုသည်။ သို့သော် ယီမင်ရှိ အခြားသောလူသားအားလုံးမှာ စစ်ပွဲများ လုံးဝ အဆုံးသတ်သွားမှသာလျှင် မျှော်လင့်ချက်ရှိသော ဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဟူတီတို့သည် ကြီးမားသော စစ်ရေးတိုက်ခိုက်မှုတစ်ခုဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ယီမင်နိုင်ငံမြို့တော် ဆန်နာမြို့အား သိမ်းပိုက်ခဲ့ပြီး ထိုစဉ်က ယီမင်သမ္မတဖြစ်သူ Abdu-Rabbu Mansour Hadi နှင့် ၎င်း၏ အစိုးရအဖွဲ့အား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်အောင် တိုက်ထုတ်ခဲ့သည်။

အီရန်လွှမ်းမိုးမှုအား တွန်းလှန်ရန် နှင့် ယီမင်အား ကာကွယ်ရန် ပြည်ပြေး သမ္မတHadi ၏ တရားဝင် တောင်းဆိုချက်တစ်ခုအရ ၂၀၁၅ ခုနှစ် မတ်လတွင် ဟူတီများသိမ်းပိုက်ထားရာ ဆန်နာမြို့အား ဆော်ဒီအာရေးဗျ နှင့် အခြားသော အာရပ်နိုင်ငံများက စစ်ရေးအရ ဝင်ရောက်စွက်ဖက်သည့် တုံ့ပြန် လှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

#ယီမင်, #စစ်ဒဏ်, #မသန်စွမ်း, #ပုံမှန်ဘဝ #Yemen, #disabled, #normal life, #war, #ဆင်ဟွာ

 

…………………………………………
(English Version)

Yemen’s disabled people wish for normal life

SANAA, Dec. 5 (Xinhua) — Ammar Saleh, a 7-year-old Yemeni boy, hoped to walk again ten months after he lost his right leg during an airstrike when the world commemorates the International Day of Persons with Disabilities on Dec. 3.

He also lost his mother, two brothers, and three sisters when warplanes dropped bombs on his home in Yemen’s mountainous northern province of Jwaf.

In a rehabilitation center in the Houthi-controlled Sanaa, doctors tried to help Ammar to walk on two again by installing a prosthetic limb for him.

Ali Muhammad, Ammar’s uncle, who brought Ammar to the center, said that “a warplane bombed our village at two o’clock in the morning and killed three families. Ammar’s family was one of them.”

Ammar narrowly escaped death, but many of his family members were killed and his home was destroyed, said Muhammad.

“Ammar was injured by shrapnel on his hands and eyes, and lost his leg,” the uncle added.

Six years of war in Yemen have killed more than 230,000 people and injured thousands of people, who need prosthetic limbs to assist their daily life.

With no end in sight, the war is likely to claim more victims. However, the country’s collapsing health system cannot cope with the increasing demand for prosthetic limbs for people with permanent disabilities.

Mohammed Jayash, the head of the technical department in the center, said that as more and more disabled people come to the center every day, the center had to extend working hours to produce more prosthetic limbs for more disabled people.

“A technician used to make one or two prosthetic limbs every day, but now he has to make six or seven projects. In the physical therapy ward, a doctor has to take up to 15 patients every day,” Jayash said.

The International Committee of Red Cross has supported the center by providing necessary raw materials. But the aiding program has almost run its course, the center hoped the international organization can continue its support in the next year.

A smile came back to Ammar’s face after physicians and technicians helped the little boy with his new “leg.”

Jayash, the chief technician, said that Ammar can expect a relative level of normalcy returning to his life after he goes through the proper training. But like all the other people in Yemen, he can only have a hopeful life when the protracted war finally ends.

The Houthis launched a large military campaign and seized the capital Sanaa in late 2014, forcing Yemen’s President Abdu-Rabbu Mansour Hadi and his government into exile.

Saudi Arabia and other Arab countries intervened militarily and began pounding the Houthi-controlled Sanaa in March 2015 in response to an official request from Hadi to protect Yemen and roll back Iran’s influence.

(1)A Yemeni child, who lost his right leg in an airstrike, sits on a bed as he waits to try out a prosthetic limb, at the rehabilitation center in Sanaa, Yemen, on December 2, 2020. (Photo by Mohammed Mohammed/Xinhua)

(2) A man who lost his left leg in an explosion sits on the chair at the rehabilitation center in Sanaa, Yemen, on Dec. 2, 2020. (Photo by Mohammed Mohammed/Xinhua)

(3) Children look at a warehouse after it was hit by airstrikes in Sanaa, Yemen, on July 2, 2020. (Photo by Mohammed Mohammed/Xinhua)

(4) A technician prepares a prosthetic limb for a disabled man at the rehabilitation center in Sanaa, Yemen, on Dec. 2, 2020. (Photo by Mohammed Mohammed/Xinhua)