ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အီရတ်အစိုးရစစ်တပ်က နိုဝင်ဘာ ၃ ရက်မှစ၍ အနောက် ကန္တရဒေသတစ်လျှောက်တွင် လုံခြုံရေး လှုပ်ရှားမှုများ အကြီးအကျယ်ဆောင်ရွက်လျက်ရှိပြီး IS အစွန်းရောက် တပ်ကျန်များကို ရှင်းလင်းရေး များ လုပ်ဆောင်နေကြောင်း သိရသည်။
မိုဂါဒစ်ရှူး ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ၌ စစ်တပ်မော်တော်ယာဉ်တစ်စီးသည် မိုဂါဒစ်ရှူးမြို့ မြို့ပြင်တွင်မောင်းနှင်နေစဉ် မြေမြှုပ်မိုင်း ထိမိပြီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက် တွင် ပြောကြားခဲ့သည်။ သေဆုံးသူ ၄ ဦးအနက်...
ကဘူးလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ၌ စုစုပေါင်း တာလီဘန် စစ်သွေးကြွ ၃၄ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီဂျစ် နိုင်ငံ Minya ပြည်နယ် တွင် နိုဝင်ဘာ ၂ ရက် ၌ ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံး ခဲ့ကာ...
အာမန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေလွှမ်းမှု၍ လူ ၂၁ ဦးသေဆုံးမှုဖြစ်ပွားပြီးနောက် လူထုဖိအားများမှုကြောင့် နိုဝင်ဘာလ ၁ ရက်တွင် ဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်လိုက်ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အီရန်သံရုံးက ရုရှားနိုင်ငံသို့လာရောက်သော အီရန်နိုင်ငံသားများအနေဖြင့် နိုင်ငံနယ်စပ် နှင့် ထိစပ်နေသော ဥရောပဧရိယာများသို့ ခရီးမသွားကြရန် နိုဝင်ဘာ ၁ရက်က သတိပေးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းကဖော်ပြခဲ့သည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အစိုးရရှေ့နေချုပ်ရုံးက ဆော်ဒီသတင်းထောက် Jamal Khashoggi သည် အစ္စတန်ဘူလ်မြို့ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လည်ပင်းညစ်သတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း အောက်တိုဘာ ၃၁ ရက်ကပြောကြားခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ Imam Khomeini နိုင်ငံတကာလေဆိပ် (IKA) တွင် အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက လေယာဉ်ပျက်တစ်စီး၏ အစိတ်အပိုင်းများ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဂျေရုဆလင် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ အမှတ် ၉၀ လမ်းမကြီးတွင် အောက်တိုဘာ ၃၀ ရက်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အဓိက အကျဉ်းထောင်တစ်ခုပြင်ပတွင် အစိုးရဝန်ထမ်းများ၏ ကားတစ်စီးတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။