Connect with us

Africa & Middle East

ဂါဇာအရှေ့ပိုင်းဆန္ဒပြပွဲအတွင်း ပါလက်စတိုင်း ၇၇ ဉီး ဒဏ်ရာရ

အစ္စရေးစစ်သားများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားစဉ် (ဆင်ဟွာ)

ဂါဇာ ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) 

အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အကြားတွင် တည်ရှိသော အစ္စရေးနယ်ခြားစောင့်တပ်စခန်းမှ ရဲဘော်များ နှင့် ပါလက်စတိုင်းဆန္ဒပြသူများ၏ ပဋိပက္ခအတွင်း ဆန္ဒပြသူအနည်းဆုံး ၇၇ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဉီးက ဆိုသည်။ 

ဒဏ်ရာရသူများအနက် အစ္စရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသူ ၃၁ ဉီးပါဝင်ကြောင်း ၊ ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ သူနာပြုတစ်ဉီးလည်း ဒဏ်ရာရသွားကြောင်း နှင့် ဒဏ်ရာရသူများကို ဂါဇာအနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က သတင်းသမားများအားပြောကြားခဲ့သည်။ 

အစ္စရေးစစ်သားများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားစဉ် (ဆင်ဟွာ)

အစ္စရေးစစ်သားများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားစဉ် (ဆင်ဟွာ)

အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် ကြီးကျယ်ခမ်းနားသောမတ်လပြန်လာခြင်း “ Great March of Return ”ဟူ၍ လူသိများသော အပတ်စဉ် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေး တပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။ 

အဆိုပါ အပတ်စဉ် ဆန္ဒပြပွဲကို ၂၀၁၈ ခုနှစ် မတ်လ ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသကို ၁၂ နှစ်ကျော်ကြာ ပိတ်ဆို့ထားသည့် အစ္စရေး၏ လုပ်ရပ်ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.