Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ သမ္မတက သူပုန်များတပ်စွဲထားရာ အီဒလစ်ဘ်ပြည်နယ်ရှိ ရှေ့တန်းတွင် စစ်သားများနှင့်တွေ့ဆုံ

ဆီးရီးယားနိုင်ငံ အီဒလစ်ဘ်ပြည်နယ် ဟာဘစ်မြို့ရှိ စစ်အခြေစိုက်စခန်းတွင် စစ်သားများနှင့် တွေ့ဆုံနေသည့် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်အာဆတ် (Bashar al-Assad) သည် အောက်တိုဘာ ၂၂ ရက်တွင် အီဒလစ်ဘ်ပြည်နယ်ရှိ နိုင်ငံ၏ အကြီးဆုံး သူပုန်ခံတပ်နေရာ၌ ဆီးရီးယား စစ်သားများအား တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။

သမ္မတ အာဆတ်သည် အီဒလစ်ဘ်ပြည်နယ် ဟာဘစ်မြို့ ရှေ့တန်းနေရာရှိ ဆီးရီးယားစစ်သားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သတင်းက ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ ခရီးစဉ်သည် နိုင်ငံအတွင်း သူပုန်များ၏ နောက်ဆုံး အဓိကအမာခံနယ်မြေဖြစ်သော အီဒလစ်ဘ်သို့ သမ္မတက ပထမဆုံး ကြေညာပြီးသွားရောက်ခဲ့သည့် ခရီးဖြစ်သည်။

ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် သမ္မတ၏အီဒလစ်ဘ်ခရီးစဉ် ဓာတ်ပုံများတွင်လည်း ၎င်းနှင့် စစ်သားများ၊ အရာရှိများနှင့် စကားပြောဆိုနေသည်ကို ပြသထားသည်။

ဆီးရီးယားနိုင်ငံ အီဒလစ်ဘ်ပြည်နယ် ဟာဘစ်မြို့ရှိ စစ်အခြေစိုက်စခန်းတွင် စစ်သားများနှင့် တွေ့ဆုံနေသည့် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အီဒလစ်ဘ်ပြည်နယ် ဟာဘစ်မြို့ရှိ စစ်အခြေစိုက်စခန်းတွင် စစ်သားများနှင့် တွေ့ဆုံနေသည့် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား တွေ့ရစဉ် (ဆင်ဟွာ)

“အီဒလစ်ယ်တိုက်ပွဲက ဆီးရီးယားနိုင်ငံက နယ်မြေအားလုံးမှာ ပရမ်းပတာဖြစ်မှုနဲ့ အကြမ်းဖက်မှုတွေကို ရှင်းလင်းဖို့ အဓိကဖြစ်တယ်လို့ ကျွန်တော်တို့ ပြောခဲ့သလို ပြောလဲပြောနေဆဲပါပဲ” ဟု အာဆတ်က ဆိုသည်။

ထို့ပြင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် လတ်လော တူရကီစစ်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် တူရကီ စတင် ကျူးကျော်ခဲ့ချိန်က ဆီးရီးယားအစိုးရရဲ့ အဓိကပန်းတိုင်မှာ ယင်းဒေသရှိ နိုင်ငံရေးနှင့် စစ်တပ် တပ်ဖွဲ့ဝင်များအားလုံးနဲ့ ဆက်သွယ်ရေး ထူထောင်ရန် ဖြစ်ကြောင်း အာဆတ်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ (တူရကီ၏ တိုက်ခိုက်မှု) ကို ခုခံနေတဲ့ မည်သည့်အဖွဲ့ကိုမဆို ထောက်ပံ့ဖို့ အဆင်သင့်ပါပဲ။ ဒါက နိုင်ငံရေးဆုံးဖြတ်ချက်တော့မဟုတ်ဘူး။ ဒါပေမဲ့ အခြေခံဉပဒေဆိုင်ရာနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်ပါ” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)