Connect with us

Africa & Middle East

အီရတ်နိုင်ငံတွင် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွား ၊ ပဋိပက္ခကြောင့် သေဆုံးသူ ၆၃ ဦး အထိ မြင့်တက်လာ 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်နှင့် အရှေ့တောင်ပိုင်း ဒေသ မြို့များတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဆန္ဒပြမှုများကြောင့် သေဆုံးသူ ၆၃ ဦးအထိ တိုးမြင့်လာပြီး ဒဏ်ရာသူ ၂၅၉၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများက အောက်တိုဘာ ၂၆ ရက်က ဘဂ္ဂဒက်မြို့ Tahrir ရင်ပြင်တွင် စုဝေးပြီး အီရတ်အစိုးရဌာနများနှင့် နိုင်ငံခြား သံရုံးများရှိသည့်  Green Zoneကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ အဓိကရုဏ်နှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများကို သုံး၍လူစုခွဲခဲ့သလို ရဲတပ်ဖွဲ့ကိုလည်း  လက်ပစ်ဗုံးနှင့်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

အစိုးရ၏ အကျင့်ပျက်ခြစားမှု ၊ လုပ်ငန်းဆောင်တာဆောင်ရွက်ခြင်းတွင် အားနည်းမှုနှင့် အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှုများကို ဆန့်ကျင်ဆန္ဒပြခြင်းများ ယခုလ ၁ရက်မှ ၉ရက်တွင် အီရတ်နိုင်ငံ နေရာအမြောက်အမြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ အီရတ်အစိုးရက ပြုပြင်ပြောင်းလဲရေးအစီအစဉ်များထုတ်ပြန်ခဲ့ရာ ဝင်ငွေနည်းလူစုအတွက် နေအိမ်ထောက်ပံ့တည်ဆောက်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများအတွက် ကူညီထောက်ပံ့ခြင်း၊ လူငယ်လုပ်ငန်းတည်ထောင်သူများအတွက် လုပ်ငန်းမှတ်ပုံတင် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေး ခြင်း၊ မွမ်းမံသင်တန်းဆောင်ရွက်ပေးခြင်းနှင့်ချေးငွေ ပေးခြင်းစသည်တို့ပါ၀င်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၅ ရက်တွင် အီရတ်နိုင်ငံ မြို့အမြောက်အမြားတွင် ဆန္ဒပြမှုများအသစ်တဖန် ဖြစ်ပွားခဲ့ရာ အစိုးရ၏ အကျင့်ပျက်ခြစားမှု ၊ ပြည်သူ့ဝန်ဆောင်မှုအားနည်းခြင်းနှင့် အလုပ်လက်မဲ့ ဖြစ်ခြင်းများကို ဆက်လက်ဆန့်ကျင်ဆန္ဒပြပြီး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117