ဒမက်စကက်စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်အား ဇွန်လ ၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
မနာမာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံက ၎င်းတို့၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ယနေ့(ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်ကြောင်း ဘာရိန်းသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဒမက်စကက်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်၏ ကြီးမားကျယ်ပြန့်သော ထိုးစစ်တစ်ခုအတွင်း အနည်းဆုံး IS စစ်သွေးကြွ ၁,၂၀၀ ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန SANA က ဇွန် ၃ ရက်တွင်ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၏ အသုဘအခမ်းအနားတစ်ခုတွင် ဇွန်လ ၃ ရက် က ဗုံးပေါက်ကွဲမှု ၃ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ ဦးသေဆုံးပြီး အခြားလူ ၈၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က အတည်ပြုပြောကြားခဲ့သည်။
ဒမက်စကက်စ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် “ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့” သည် မေလ ၃၁ ရက်နေ့က ၎င်းတို့တပ်ဖွဲ့ အနေဖြင့် IS အစွန်းရောက် တပ်ဖွဲ့၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ အဓိက...
ကဘူးလ် ၊ မေ ၃၁ ရက် (ဆင်ဟွာ) အာဖဂန် နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ၏ အမှတ် ၁၀ ရဲတပ်ဖွဲ့ တွင် မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲ...
ဘဂ္ဂဒက်၊ မေ ၃၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့လယ်ခေါင်တွင် မေလ ၃၀ ရက် နံနက်ပိုင်းက ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးအထိသေဆုံးပြီး အခြားလူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန မှ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ဟာရာရီ ၊ မေ ၃၀ ရက် (ဆင်ဟွာ) ဇင်ဘာဘွေ နိုင်ငံ ရဲတပ်ဖွဲ့ က မေလ ၂၉ ရက်တွင် ဇင်ဘာဘွေ နိုင်ငံ အတွင်းရှိ ရွှေတွင်းတစ်ခု ပြိုကျမှု ဖြစ်ပွား ခဲ့ပြီး ရွှေတွင်းအတွင်း၌ လုပ်ငန်းဆောင်ရွက်နေသော တရားမဝင် ရွှေတူးဖော်ရေး သမား ၈...
ဘဂ္ဂဒက် ၊ မေ ၃၀ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် ရှိ ရေခဲမုန့်ဆိုင် တစ်ဆိုင်ရှေ့တွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်၌ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုင်ရို၊ မေ ၂၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မင်ရာပြည်နယ် တွင် သေနတ်သမားများ၏ ပစ်ခတ်မှု ကြောင့် ကော့ပ်တစ်ခရစ်ယာန် ဘာသာဝင် ၂၈ဦး သေဆုံးခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် မေလ ၂၆ရက်တွင် အီဂျစ်နိုင်ငံ လေတပ်သည် လစ်ဗျားနိုင်ငံ ဒါနာမြို့ရှိ စစ်သွေးကြွတို့၏ လေ့ကျင့်ရေးစခန်းများကို လေကြောင်း တိုက်ခိုက်မှု...